Trigger Warning: graphic description of sucidical thoughts
ပိုင်ထန် စိတ်ပါလက်ပါနှင့် ကြက်ဥတွေကို မွှေနေခဲ့သည်။ ဖုတ်ထားတဲ့မုန့်ဆိုတာ သူမစားနိုင်တာ ကြာလှရှိတဲ့အရာပေမယ့် ဒီနေ့တော့ သူစားရတော့မယ်။
မနေ့က လင်းပိုင်ကျိုးနဲ့သူ့ရဲ့တွေ့ဆုံမှုပြီးသွားတော့ ကျန်းယွင်ရှု ကုန်စိမ်းတွေ ဝယ်ခြမ်းခဲ့သည်။ အိမ်မှာလိုသမျှ အားလုံးနီးပါး သူဝယ်လာသည်။ အသင့်ပြင်ပြီးသား အသားတန်းဘက် သူလျှောက်လာတော့ မီးဖိုချောင်တစ်နေရာရာမှာ ovenရှိမှန်း ဝိုးတဝါးပြန်အမှတ်ရသွားခဲ့သည်။ ပိုင်ထန်က သူအားတဲ့အချိန်မှာ အချိုပွဲလေးတွေ လုပ်လို့ရနိုင်တယ်လို့ စဉ်းစားပြီး ကြက်ဥcupcakeလုပ်ရန် လိုအပ်သည့် ပါဝင်ပစ္စည်းများကို အင်တာနက်မှ သူရှာဖွေလိုက်ပြီး ဈေးဝယ်လှည်းထဲ ပစ်ထည့်လိုက်သည်။
ညနေ ၈:၄၉မှာ ပိုင်ထန်က ကုန်စိမ်းတွေကို တစ်ခုချင်းစီ ထုတ်နေခဲ့သည်။ ထင်းခနဲဖြစ်နေသည့် cupcakeပုံဖော်ခွက် အပုံလိုက်ကြောင့် သူအံ့ဩသွားပြီး ပြောမိသည်။ "လူကြီးမင်း cupcakeစားချင်လို့လားဟင်?"
ကျန်းယွင်စူးမှာ စူးရှသည့် အရသာခံအာရုံရှိလေသည်။ သူက လေးပင်တဲ့စားစရာတွေ မုန့်အချိုတွေကြိုက်လေသည်။ တစ်ခါက မနက်၂နာရီလောက်ကြီးသူနိုးလာပြီး အချိုတစ်ခုခုအရမ်းစားချင်နေကာ ကြမ်းပြင်ပေါ်အိပ်နေသည့် ပိုင်ထန်ကို ကန်ကျောက်နှိုးခဲ့လေ၏။
ပိုင်ထန်ကို မုန့်အချိုတွေ လုပ်ခိုင်းခံရပြီးနောက် သူ့ကိုပါ အနည်းငယ်စားခွင့်ပြုလေသည်။
"ဟမ်?" ကျန်းယွင်ရှုလည်း ခြေတစ်လှမ်းဆုတ်၍ ကြောင်အိမ်ထဲကို ဟင်းခတ်အမွှေးအကြိုင်တွေ အမျိုးအစားအလိုက် စီရီထည့်နေရင်း "ထင်တာပဲလေ"
မနေ့က အိမ်ထဲမှာ ကြောင်အိမ်တွေအားလုံးကို ရှင်းလင်းရင်း ပိုင်ထန် နှာတရှုပ်ရှုပ်ဖြစ်နေခဲ့သည်။ သူလေးက အားနည်းတဲ့ ကိုယ်ခန္ဓာတည်ဆောက်ပုံရှိတာ နေလိမ့်မည်။ အဖျားက အမြန်ကျသွားသော်ငြား အအေးမိခြင်းကနေတော့ သူအပြည့်အဝ မသက်သာသေးချေ။ သူ့မှာ တစ်ပတ်လုံး မပြီးနိုင်မစီးနိုင် နှာစီးနေပြီး သူ့နှာခေါင်းတစ်ဝိုက်က အရေခွံတွေတောင်လန်ပြီး နီရဲနေပြီ။
ВЫ ЧИТАЕТЕ
ဒီလိုAမျိုးမှာလည်း Oရှိသေးတယ်လား? ⟨⟨ဘာသာပြန်⟩⟩
Любовные романы• Original Title - 为什么这种A也能有O • Author - 图南鲸 • English Title - Why Is It Possible For This Type Of A To Also Have An O? • Genres - Comedy, Drama, Fantasy, Romance, Psychological, Slice of Life, Yaoi • Type - Web Novel (CN) • Original Publisher - Ch...
