Ch 5: "အမှိုက်တစ်စ"

1.9K 349 6
                                    

ဖန်ကွဲစတွေက အစိတ်စိတ်အမွှာမွှာ ပြန့်ကြဲကာ လီမွန်ဖျော်ရည်နွေးနွေးတွေ ဖိတ်စင်ကုန်သည်။

ပိုင်ထန် ကြောက်အားလန့်အားဖြစ်စွာ ကယောက်ကယက်အမူအယာဖြင့် တောင်းပန်တိုးလျှိူးလေသည်။ ကျန်းယွင်မှာ ပါးစပ်အဟောင်းသားဖြင့် ဘာမျှမဆိုနိုင်တော့၊ တိုးတိမ်ချည့်နဲ့နေသော စကားလုံးများက သူ့လည်ချောင်း၌တစ်ဆို့နေပြီး ဖန်ကွဲစအစွန်းဆီက ထင်ရှားနေသော သွေးကွက်များက သူ့မျက်စိအား နာကျင်စေသည်။

အရိုးထိအောင်အေးစိမ့်မှုက ခြေဖဝါးမှတစ်ဆင့် ငယ်ထိပ်ဆီသို့ သူ့ခန္ဓာကိုယ်တစ်လျောက် ကူးခတ်သွားကာ အကြောသေသလို တောင့်တင်းသွားစေ၏။

ဒြပ်မဲ့ချည်မျှင်လေးက အပိုင်းအစတစ်ခုချင်းစီအား အတူတကွဆက်စပ်သွားစေပြီးနောက် ရုတ်တရတ်ဆိုသလိုပင် အရာအားလုံးက အဓိပ္ပာယ်ရှိလာခဲ့တော့သည်။

ဘာကြောင့် ပိုင်ထန်က စားပွဲပေါ်မှာမထိုင်နိုင်တာလဲ၊ အိပ်ရာပေါ်မအိပ်ရတာလဲ၊ ဘာလို့ရော အသားမစားတာလဲ။ ဘာလို့ ပိုင်ထန်ရဲ့ ကိုယ်ပေါ်မှာ ဒဏ်ရာတွေရှိနေတာလဲ၊ ဘာလို့ပိုင်ထန်က အမြဲတမ်း အစွန်အဖျားတဲတဲလေးမှာ ရှိနေရတာလဲ နဲ့ ဘာလို့ သူတို့ကြားကဆက်ဆံရေးက ကောင်းမနေပေမယ့် သူ့ကို အရမ်းရိုကျိုးနေရတာလဲ။

ကျန်းယွင်ရှု ပိုင်ထန်ကို ကြာပွတ်‌တွေ၊ တုတ်တွေကဘာတွေလဲ၊ ဗီဒိုထဲက ပစ္စည်းကိရိယာတွေကို ဘာအတွက်သုံးတာလဲလို့ မေးခဲ့တာကို ပြန်တွေးမိသွားခဲ့သည်။ အဲ့ဒီအချိန်တုန်းက ပိုင်ထန်ရဲ့မျက်နှာပေါ်မှာ သွေးတွေအားလုံးမရှိတော့သလိုပဲ၊ သူ့ခြေများက နာခံမှုမရှိစွာ နောက်ဆုတ်သွားပြီး စိတ်လွတ်စွာ ရေရွတ်လေတော့သည် "လူကြီးမင်း ကျွန်‌တော်မှားသွားပါတယ်၊ ကျွန်ပိုကောင်း‌အောင်နေပါ့မယ်…"

ပြီးတော့ သူကျဘယ်လို ပြန်ဖြေခဲ့သလဲ? သူက ပိုင်ထန်ရဲ့ ဘယ်တော့မှမပြီးဆုံးနိုင်တဲ့ ဝေ့လည်ကြောင်ပတ် တုံ့ပြန်မှုများအား လက်လျှော့ထားလိုက်ပုံရသည်။ သူသက်ပြင်းရှုထုတ်ကာ ဘာမှမျှော်လင့်မနေတော့ဘဲ ထရပ်ပြီး အိပ်ခန်းထဲသာပြန်သွားခဲ့သည် "ကိစ္စမရှိဘူး"

ဒီလိုAမျိုးမှာလည်း Oရှိသေးတယ်လား? ⟨⟨ဘာသာပြန်⟩⟩Donde viven las historias. Descúbrelo ahora