Trigger Warning: Panic Attack, Suicidal Thoughts
"ဟစ် မ-မဖယ်နဲ့!" ပိုင်ထန်ရဲ့ အသံက ရုတ်ချည်းမြင့်တက်သွားကာ အက်ကွဲနေတယ်။ မျက်ရည်များက အတားအဆီးမရှိကျဆင်းနေပြီး ရှိုက်သံကိုမြိုသိပ်ထားလျက်ရှိသည်။ "တောင်းပန်ပါတယ် လူကြီးမင်း၊ ကျွန်တော်တောင်းပန်ပါတယ်။ အဲ့တာ ကျွန်တော့်ရဲ့၊ အဲ့တာ ကျွန်တော့်ရဲ့ အမှားပါ… သူတို့လေးတွေကို မခေါ်ထုတ်သွားပါနဲ့… အဲ့တာကျွန်တော်ပါ၊ ကျွန်တော်သူတို့ကို သတ်လိုက်တာ၊ ကျွန်တော့်အမှားပါ ကျွန်တော်တောင်းပန်ပါတယ်…"
သူ့မှတ်ဉာဏ်ထဲအတွင်း၌ နက်နက်ရှိုင်းရှိုင်း မြှုပ်နှံထားတဲ့ ပိုင်ထန် ပြန်တွေးဖို့မလိုလားဆုံးသော မှတ်ဉာဏ်ပုံရိပ်များက ပြန်ပေါ်လာခဲ့သည်။
°°°
အိမ်မှာတူးရွင်းမရှိလို့ သူ့လက်တွေနဲ့ တစ်ကျွင်းပြီး တစ်ကျွင်း ထုံထိုင်းစွာတူးဆွနေခဲ့သည်။ သူ့လက်ချောင်းထိပ်များက ကျောက်တုံးတွေနဲ့ခြစ်မိလို့ ဒဏ်ရာအသေးလေးတွေ ဖုံးလွှမ်းလျက် သွေးတစ်စက်စက်ကျရင်း ငှက်လေးတွေကို မြှုပ်နှံခဲ့ကာ ရုပ်သေးရုပ်တစ်ရုပ်ကဲ့သို့ မျက်ရည်များ သွေးများ မြေပေါ်လွှမ်းလျက်ရှိနေခဲ့၏။
စုစုပေါင်း ငှက်လေး၁၂ကောင်ရှိခဲ့သည်။
°°°
ကျန်းယွင်ရှုမျက်မှောင်ကြုပ်သည်။ ပိုင်ထန်ရဲ့ ပြတ်တောင်းပြတ်တောင်း ပြန်ပြောနေတာကတစ်ဆင့် အရင်က တူညီတဲ့အခြေအနေ ဖြစ်ခဲ့ဖူးကြောင်း သူမှန်းဆနိုင်သည်။ သို့ပေမယ့် သူအသေးစိတ်မသိတာကြောင့် အလျင်စလို မချော့ရဲဘဲ ပိုင်ထန်ကို လှုံ့ဆော်မိမှာကြောက်လို့ အလိုက်အထိုက်သာနေပေးနိုင်လေသည် "ကိုယ်တို့မဖယ်တော့ဘူးနော်။ ဒါပိုင်ထန်အမှားမဟုတ်ပါဘူးကွာ"
Alphaအသံကိုကြားတော့ ပိုင်ထန်ကြောင်အသွားခဲ့ပြီး သူ့လက်ချောင်းထိပ်များက အဖြူရောင်ပြောင်းတဲ့အထိ အဝတ်စကို ကျစ်ကျစ်ပါအောင်ဆုပ်ထားခဲ့သည်။ ယခင်က မမြင်ဖူးတဲ့ခံစားချက်များက သူ့နှလုံးသားထဲ၌ ပေါက်ကွဲထွက်လာပြီး သူ့ကိုနစ်မြုပ်သွားစေခဲ့သည်; သူရုတ်တရတ်ဆိုသလို ဒီAlphaအတွက် အမုန်းတရားတွေအုံကြွလာတော့တယ်။ ကျန်းယွင်စူးက အဲ့လူတွေကို အပင်ပေါ်အဆိပ်ဖြန်းခိုင်းခဲ့တာ။ အဲ့တာကျန်းယွင်စူးပဲ ——
STAI LEGGENDO
ဒီလိုAမျိုးမှာလည်း Oရှိသေးတယ်လား? ⟨⟨ဘာသာပြန်⟩⟩
Storie d'amore• Original Title - 为什么这种A也能有O • Author - 图南鲸 • English Title - Why Is It Possible For This Type Of A To Also Have An O? • Genres - Comedy, Drama, Fantasy, Romance, Psychological, Slice of Life, Yaoi • Type - Web Novel (CN) • Original Publisher - Ch...