စက်မဲ့လေယာဉ်တစ်စီးက ပြတင်းပေါက်အပြင်က တိမ်တိုက်ထဲကိုဖြတ်သန်းသွားခဲ့သည်။ ရာသီဥတုကပြီးပြည့်စုံနေပြီး နေရောင်ကလည်း ထွန်းလင်းနေကာ စင်ပေါ်က အစိမ်းရောင်အပင်လေးတွေက ငြိမ်သက်စွာ အစာချက်နေကြ၏။
ချင်းကျုံးနန်ရဲ့ မေးခွန်းတွေက တစ်ချက်တစ်ချက် ဖြေဖို့ခက်ပြီး ပရိယာယ်များပေမယ့် ကျန်းယွင်ရှု တည်ငြိမ်နေကာ ပညာရှင်ဆန်တဲ့ရှုထောင့်အမြင်တွေအား လေးလေးစားစားဖြင့် နားထောင်နေခဲ့လေသည်။
"ဒါပေမယ့် ဘာမှသွားမပြောနဲ့နော်" ချင်းကျုံးနန်က အကြံပေးသည်။ "အဲ့တော့ မင်း Omegaကို အကြိမ်နည်းနည်းပဲတွေ့ပြီး လုံခြုံတဲ့ခံစားချက် ပေးရမှာကွာ"
ချင်းကျုံးနန် စားပွဲပေါ်က အသီးလက်ဖက်ရည်ကို တကျိုက်ကျိုက်သောက်လိုက်ပြီးနောက် ကုလားထိုင်မှီပေါ် မှီချလိုက်သည်။ "ဒီလောက်ပါပဲ၊ ငါတို့ကAlphaတွေချည်းဆိုတော့ ပုဂ္ဂိုလ်ရေးဆိုင်ရာအဆင့်နဲ့ ဆက်စပ်ဖို့ကျခက်လိမ့်မယ်။ မင်း Omegaရှုထောင့်ကနေ နားထောင်ချင်လား?"
သူရဲ့နုတ်စာအုပ်ထဲမှာ မှတ်စုတွေအများကြီး ချရေးပြီးတဲ့ ကျန်းယွင်ရှုက သံသယရှိစွာ မော့ကြည့်လာတယ် "?"
ချင်းကျုံးနန်မျက်နှာက ဘဝင်ခိုက်လျက် "ကျွန်တော့်Omegaက စိတ်ကျန်းမာရေးပရော်ဖက်ဆာလေ"
"ကျွန်တော်နားထောင်မယ်" ကျန်းယွင်ရှု တုံ့ဆိုင်းမှုမရှိ ဆုံးဖြတ်ခဲ့သည်။
ဖုန်းခေါ်ဆိုမှုက အမြန်ချိတ်ဆက်သွားခဲ့လေသည်။ "သေလိုက်ပါလား ချင်းကျုံးနန်၊ တစ်ရက်ထဲ ဘယ်နှခါလောက် မင်းငါ့ကို ဖုန်းဆက်နေတာလဲ-"
ချင်းကျုံးနန် အမြန်ဖုန်းချလိုက်ပြီး အူမြူးစွာ ပြောလိုက်လေသည်။ "ဆောရီးဗျာ မမျှော်လင့်တာလေးတစ်ခု ဖြစ်သွားလို့"
ဖုန်းခေါ်ဆိုမှုက နောက်ဆုံးတော့ ပြန်ချိတ်ဆက်သွားကာ အလုပ်အကြောင်းအရာက တစ်ဖက်လူဘက်က လုံးဝကွဲပြားတဲ့သဘောထားကို ယူဆောင်လာပေးခဲ့သည်။ ကျန်းယွင်ရှုအခြေအနေကိုကြားတော့ ခေါင်းကိုသံရိုက်လိုက်သလို ဒတ်ခနဲဖြစ်သွားတဲ့ မေးခွန်းတစ်ခုမေးလာခဲ့သည်။ "နည်းမျိုးစုံနဲ့ ခင်ဗျားကို အကွက်ဆင်နေခဲ့တဲ့ တစ်ယောက်ယောက်က တစ်ရက်ကျတော့ ဗြုန်းစားကြီးပြောလာရော 'အိုး ငါအတိတ်မေ့သွားပြီ' တဲ့ ခင်ဗျားဘယ်လိုထင်မလဲ?"
YOU ARE READING
ဒီလိုAမျိုးမှာလည်း Oရှိသေးတယ်လား? ⟨⟨ဘာသာပြန်⟩⟩
Romance• Original Title - 为什么这种A也能有O • Author - 图南鲸 • English Title - Why Is It Possible For This Type Of A To Also Have An O? • Genres - Comedy, Drama, Fantasy, Romance, Psychological, Slice of Life, Yaoi • Type - Web Novel (CN) • Original Publisher - Ch...
