Chapter 28: ကျန်းယွင်ရှုက စိတ်ရောကိုယ်ပါ ပျော်ရွှင်နေတယ်

1.4K 236 5
                                        


တစ်ကောင်ထဲ အိမ်မှာချန်ထားခံရတဲ့ ဟေးထန်က‌တော့ ပျင်းလွန်းလို့ မြေပေါ်ပစ်လှဲနေနေရသည်။ ရုတ်တရတ် သူ၏အမွေးပွပွနားရွက်လေးက ထောင်လာခဲ့သည်။ တအိအိအသံပေးရင်း သူ့ရဲ့ခပ်သုတ်သုတ်ခြေထောက်လေးများဖြင့် တံခါးဝဆီပြေးသွားခဲ့လေသည်။

တစ်အောင့်အကြာ တံခါးကပွင့်လာခဲ့၏။ ဟေးထန်က ဝင်လာတဲ့လူရဲ့ ဘောင်းဘီကိုကိုက်၍ လက်သည်း‌တွေ ကုပ်ကပ်တွယ်ထားတော့သည်။ ကျန်းယွင်ရှုမှာတော့ သူ့ဘောင်းဘီပြဲတော့မယ့်ကိစ္စကို ခွန်အားမဲ့စွာပဲ လက်ခံလိုက်ရရှာတော့သည်။

ကံကောင်းထောက်မစွာဖြင့် ပိုင်ထန်က အချိန်မီရောက်လာခဲ့လေသည်။ ဂျာမန်သိုးထိန်းခွေးလေးက လှည့်ကြည့်လာပြီး ဒီကဟန်ကြီးပန်ကြီးနဲ့ Alphaကောင်ကြီးကို စွန့်ပစ်ပြီး ချိုမြိန်ပြီး ချစ်စရာကောင်းတဲ့ Omegaလေးဆီ ပြေးသွားတော့သည်။

ဟေးထန်က ‌အတော်ကြီးလာခဲ့သည်။ အမွေးဖုတ်သိုက်ဖြစ်လာတော့ အရင်ကတော့ ပိုဝကစ်လာပုံပေါ်နေလေ၏။ အခုနောက်ပိုင်း သူ့နားရွက်လေးတစ်ဖက်တည်းကပဲ စထောင်လာ‌ခဲ့သည်။ နားရွက်တစ်ဖက်က ခပ်တုန်တုန်လေးထောင်နေပြီး တစ်ဖက်က အသက်မပါ တွဲလျားကျနေတာလေးက ဟေးထန်ရုပ်ကို တအားရယ်ရစေသည်။

ပိုင်ထန် ခွေးလေးကိုမြင်လိုက်တာနဲ့ ပိုသက်သာသွားတော့သည်။ သူဒူး‌ထောက်ကာ ဟေးထန်ကို လက်မောင်းထဲပွေ့၍ ကြင်နာစွာပေးသပ်ပေးခဲ့လေသည်။

ကျန်းယွင်ရှု သူ့စာကြည့်ခန်းထဲက ဆေးစစ်ချက်ကိုယူပြီး ပိုင်ထန်ကိုလွှဲပေးခဲ့သည်။ သူ့တွင်မူလပိုင်ရှင်၏ မည်သည့်မှတ်ဉာဏ်မျှ မရှိတာကြောင့် သူအေးအေးလူလူပဲ စိတ်ပိုင်းဆိုင်ရာစစ်ဆေးမှုကို ကျော်လွှားနိုင်ခဲ့လေသည်။

ပိုင်ထန် သူဖတ်နေတာကို ဖမ်းဆုပ်ဖို့ရာ ရုန်းကန်နေနေရသော်ငြား ဒေါက်တာရဲ့ လက်ရေးအသော့နဲ့ရေးထားတဲ့ 'ထာဝရမှတ်ဉာဏ်ပျောက်ဆုံးခြင်း' ဟူသည့် ဝေါဟာရကိုတော့ သူမှတ်မိနိုင်ပါ၏။ ထို့အပြင် အင်ပါယာဗဟိုဆေးရုံရဲ့ တရားဝင်တံဆိပ်တုံးကလည်း ပါနေပြီးသားဖြစ်သည်။ နှစ်လကျော်လောက် ဂနာမငြိမ်ဖြစ်ခဲ့ရပါသော ပိုင်ထန်ရဲ့နှလုံးက နောက်ဆုံးတော့ အနည်ကျသွားပြီး သူ့ခြေတွေကလည်း မြေပေါ် မြဲမြံစွာသက်ဆင်းနိုင်ခဲ့လေပြီ။

ဒီလိုAမျိုးမှာလည်း Oရှိသေးတယ်လား? ⟨⟨ဘာသာပြန်⟩⟩Место, где живут истории. Откройте их для себя