ဆိုဖာပေါ်ထိုင်ရင်း ကျန်းယွင်ရှု အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်သည်။ သူ့အမြင်ထောင့်စွန်းလေးမှာ ပါးလျလျပုံရိပ်လေးတစ်ခုက လတ်တလော မီးဖိုချောင်ထဲ၌ ပျာပန်းခပ်လှုပ်ရှားနေသည်။
သူအပေါ်ထပ်မှာရပ်နေတုန်းက ကျန်းယွင်ရှု ဆန်ဆေးနေတာကို သူလှမ်းမြင်သွားခဲ့သည်။ သူ့ရဲ့ကြောက်ရွံ့ထိတ်လန့်သွားတဲ့ အမူအယာလေးက မီးဆော့နေတဲ့ကလေးတစ်ယောက် လက်ပူးလက်ကြပ်ဖမ်းမိခံရသလို ထင်ဟပ်နေသည်။
ထို့ကြောင့်ပင် ကျန်းယွင်ရှုက ပျူငှာစွာ ယဉ်ကျေးစွာ ကြောက်လန့်စွာဖြင့် ပိုင်ထန်၏ ပထုတ်ခြင်းကို ခံလိုက်ရလေတော့သည်။
ကျန်းယွင်ရှုရဲ့ စိတ်အခြေအနေသည်လည်း လုံးဝဖရိုဖရဲဖြစ်နေပါ၏။ ဖြတ်သွားရင်း စားပွဲပေါ်က သတင်းစာကို ကောက်ကိုင်လိုက်ပေမယ့် အာရုံကတော့ တခြားရောက်နေခဲ့သည်။ ကျိုးကြောင်းဆက်စပ်စဉ်းစားပြီးနောက် မီးဖိုချောင်ထဲပြန်ဝင်ကာ ပိုင်ထန်ကိုပြောလိုက်သည် "ဆားလေး လျှော့ထည့်ပေးနိုင်မလား?"
တအားငန်တယ် သူ့ပါးစပ်ထဲက ဆန်ပြုတ်ကို ဘာစကားမျှမဆိုဘဲ ထွေးထုတ်လိုက်တာ ရေတွေ အငမ်းမရအမြန်သောက်လိုက်သည်။
ခေါက်စားပွဲအသေးလေးက ပိုင်ထန်ရဲ့အရှေ့မှာ ရှိနေဆဲပင်။ ကျန်းယွင်ရှု ဆန်ပြုတ် ထွေးထုတ်တာမြင်တော့ ကြောက်လန့်တကြား ဇွန်းကို တင်းတင်းဆုပ်ထားမိသည်။ တစ်ယောက်ယောက်ကသာ အနီးကပ်ကြည့်ခဲ့မယ်ဆိုရင် သူ့ရဲ့ပိန်သေးသေးပုခုံးလေးက တသိမ့်သိမ့်တုန်ယင်နေကြောင်း မြင်နိုင်ပေလိမ့်မည်။ "တောင်းပန်ပါတယ် လူကြီးမင်း" ပိုင်ထန်တုန်ယင်နေရင်းပြောသည်။
"မင်း ဒါကငန်တယ်လို့မထင်ဘူးလား?" ကျန်းယွင်ရှု နောက်ရေတစ်ခွက်ယူသောက်ရင်း မျက်မှောင်ကြုပ်ပြီးမေးသည်။
ထင်တယ် ငန်လွန်းလို့ သူသည်းမခံနိုင်လောက်အောင် ခံစားရပါ၏။ ဒါပေမယ့် သုံးနှစ်လောက်ဆားငန်တဲ့ ဟင်းတွေကို ပုံမှန်လိုမျိုး စားလာခဲ့ရတော့ သူကျင့်သားရလာတာ ဖြစ်သင့်ပါသည်လေ။ ပိုင်ထန် သူ့အောက်နှုတ်ခမ်းကိုကိုက်ကာ သူ့မျက်ခုံးတန်းလေးများက အတူတကွတွန့်ချိုးနေသည်။ သူကျန်းယွင်ကိုကြည့်ပြီး ဂရုတစိုက်ခေါင်းခါသည်။
ВЫ ЧИТАЕТЕ
ဒီလိုAမျိုးမှာလည်း Oရှိသေးတယ်လား? ⟨⟨ဘာသာပြန်⟩⟩
Любовные романы• Original Title - 为什么这种A也能有O • Author - 图南鲸 • English Title - Why Is It Possible For This Type Of A To Also Have An O? • Genres - Comedy, Drama, Fantasy, Romance, Psychological, Slice of Life, Yaoi • Type - Web Novel (CN) • Original Publisher - Ch...
