လက်ပ်တော့ရဲ့ မျက်နှာပြင်အလင်းကို ၃၇%ကို ချိန်ညှိလိုက်သည်။ ဝက်ဘ်ဆိုဒ်ရဲ့ အကြောင်းအရာက အတော်လေး ရှုပ်ရှက်ခတ်နေတဲ့ အိတ်တစ်လုံးလိုပင် ဖြစ်နေ၏။ ဒါကိုကြည့်ရင်းနဲ့ ကျန်းယွင်ရှု မျက်စိတွေ ကျိန်းစပ်လာခဲ့လေသည်။ ဘောပင်ထိပ်ကိုကြွ၍ အချိန်ဇယားပေါ်က နောက်ဆုံးတစ်ခုကို အမှတ်ခြစ်လိုက်ပြီး ဘေးဘက်က တိုင်ကပ်နာရီဆီ လှမ်းကြည့်လိုက်တော့ မနက်၅:၀၂ ရှိနေပြီဖြစ်သည်။ သူ့ညောင်းညာနေတဲ့မျက်လုံးက စကိုက်ခဲလာပြီး သူပင်ပန်းစွာဖြင့် လည်ပင်းကိုဆန့်လိုက်ကာ ကုလားထိုင်နောက်မှီပေါ် ဂုတ်ပိုးတင်ပြီးနားလိုက်သည်။ သူသက်ပြင်းကြီးကြီး မှုတ်ထုတ်လိုက်ရင်း "ငါမနက်ဖြန် ပိုင်ထန်ကို သွားခေါ်ရမယ်…"
လွန်ခဲ့တဲ့ငါးရက်တာအတွင်းမှာ သူအလုပ်ရှုပ်နေခဲ့လေသည်။ တစ်နေ့ကို ငါးနာရီမပြည့်ပဲ အိပ်စက်ပြီးသာ ကျော်လွှားခဲ့ရသည်။ အချိန်အကန့်အသတ်အတွင်း ပြီးဖို့လိုတဲ့ ကိစ္စတွေ အများအပြားရှိနေခဲ့သည်။ ဂုဏ်ပြုမှတ်တမ်းလွှာရဖို့၊ အိမ်အမည်ပေါက်နဲ့ဆိုင်တဲ့ကိစ္စ၊ ဝယ်သူနဲ့ ဈေးညှိနှိုင်းတာ၊ အရောင်းစာချုပ်မှာ လက်မှတ်ထိုးတာ၊ အိမ်ပြောင်းတာ အစရှိတဲ့ ဟိုဟိုဒီဒီတွေ။
ဂျူနီယာအထက်တန်းကျောင်း မတက်ခင်ထဲက သူ့အဖေက သူ့အတွက် နေ့စဉ်အချိန်ဇယား ဆွဲပေးထားပြီး မပြီးခဲ့ရင် သူ့ကိုဒဏ်ပေးဖို့ စောင့်နေပေမည်။ နောက်ပိုင်း အထက်တန်းကျောင်းတက်တော့ အချိန်ဇယားဆွဲတဲ့လူက သူ့အဖေကနေ သူကိုယ်တိုင်ဆီသို့ လွှဲပြောင်းသွားခဲ့လေသည်။
သူကိုယ်တိုင်နဲ့အတူ ဒိုင်ယာရီဆောင်သွားပြီး မျက်လုံးဖွင့်တဲ့အချိန်ကနေ ညဘက် မျက်လုံးပိတ်တဲ့အချိန်ထိ နေ့စဉ်အချိန်ဇယားက ပြည့်သိပ်ကြပ်ညပ်နေခဲ့သည်။ ဒိုင်ယာရီထဲရေးတဲ့ အကြောင်းအရာတွေကို နေ့တိုင်း ပြီးကို ပြီးမြောက်ရပေမည်။
သူ့အရင်ဘဝမှာ ဒိုင်ယာရီ ၃၂အုပ်အထိ သုံးခဲ့ရလေ၏။
သူ့မူလမိသားစုကြောင့် ဖြစ်နိုင်ပေသည်။ မဟုတ်ရင်လည်း ကိုယ်တိုင်စည်းကမ်းတင်းကြပ်တဲ့ သူ့ရဲ့အမွေဆက်ခံမှုကြောင့် ဖြစ်နိုင်ပေသည်။ နှစ်ပေါင်းများစွားကြာပြီးသည့်တိုင် ဖိအားကင်းမဲ့ခြင်းက သူ့ကို ဟာတာတာဖြစ်စေပြီး စိတ်ကြောင့်ကြစေတဲ့အထိ စွဲလမ်းမှုဥပဒါန်ဖြစ်လာခဲ့သည်။
ВЫ ЧИТАЕТЕ
ဒီလိုAမျိုးမှာလည်း Oရှိသေးတယ်လား? ⟨⟨ဘာသာပြန်⟩⟩
Любовные романы• Original Title - 为什么这种A也能有O • Author - 图南鲸 • English Title - Why Is It Possible For This Type Of A To Also Have An O? • Genres - Comedy, Drama, Fantasy, Romance, Psychological, Slice of Life, Yaoi • Type - Web Novel (CN) • Original Publisher - Ch...
