ပြတင်းပေါက်အဟလေးကနေ ဖောက်ဝင်လာတဲ့ မနက်ခင်းစောစော နေရောင်ခြည်၏ ရွှေရောင်အလင်းတန်းများက လေတိုက်၍ အခါအားလျော်စွာ ယိမ်းနွဲ့နေကာ လိုက်ကာကြားကနေ ကြမ်းပြင်ကိုထိုးဖောက်ဝင်ရောက်လာလေသည်။ လေဟာနယ်ကို စိုက်ကြည့်နေမိတဲ့ ကျန်းယွင်ရှုက ဖြည်းဖြည်းချင်း သူ့မြင်အာရုံကို ပိတ်ဆို့ထားတဲ့ မြူကနေ မျက်ခွံကိုပင့်ကြည့်လိုက်သည်။ လှုပ်ရှားခြင်းအလျင်းမရှိဘဲ မျက်လုံးပွင့်လျက်သားဖြင့် မျက်နှာကြက်ပေါ်က အလှဆင်ဒီဇိုင်းများအား ကြည့်နေခဲ့သည်။သူမအီမသာဖြင့် နိုးလာသည်။ ဒါပေမယ့် သူမှုန်သုန်စွာ အိပ်ရာထလာတာလေးအတွက်နှင့် တခြားလူတွေကို မမဲတတ်ပါချေ။ အဲ့အစား သူ့စိတ်ကို ပြန်ပြင်ဆင်ပြီး အိပ်ချင်ပြေဖို့ ထုံးစံအတိုင်း အချိန်အတော်အသင့်လောက် ယူလိုက်ပေမည်။ မျက်တောင်ဖြည်းဖြည်းခတ်ကြည့်ရင်း စင်ပေါ်က ဖန်ခွက်အလွတ်ကို သူ့တွေ့သွားပြီး အကြည့်ကို ညာဘက်ရွှေ့လိုက်ကာ တတိယဗီဒိုမှာ ခတ်ထားတဲ့ သံမဏိသော့ကို စူးစမ်းလိုက်သည်။
ကျန်းယွင်ရှု မှတ်မိသွားပြီ၊ သူမနေ့ညက ပိုင်ထန်ရှေ့မှာတင် သော့ခတ်ခဲ့တာပဲ။
သူမနေ့ညက ပိုင်ထန်ရဲ့ ပတ်တီးကိုလဲပေးတဲ့အချိန်မှာ ပိုင်ထန်က တစ်ချိန်လုံး ကြောက်ရွံထိတ်လန့်နေခဲ့တာများ သူ့လက်ကနေ ပိုင်ထန်ရဲ့တုန်ယင်မှုကူးပြောင်းလာတာကို ခံစားလို့ရနိုင်ခဲ့သည်။ သူ့မှာ ပတ်တီးစည်းပေးဖို့ အကြိမ်ကြိမ်အခါခါ ညှိနှိုင်းခဲ့ရလေသည်။ ကျန်းယွင်ရှု အရမ်းစိတ်ဓာတ်ကျသွားသည်။ သူ့အပြုအမူများအား ပြန်သုံးသပ်ကြည့်တော့လည်း သူဘယ်နားက ဒီဘိုးဘေးလေးကို ထပ်ပြီး ကြောက်အောင်လုပ်မိလိုက်လဲ မမှတ်မိပါချေ။
ပိုင်ထန်က ဒီအခန်းကို လုံးဝကြိုက်မနေဘူးလို့ သူတွေးမိခဲ့သည်။ ထိုပစ္စည်းတွေကို သူလွှင့်ပစ်ပြီးတာတောင် အတိတ်က သူတို့ဖြစ်ပွားခဲ့တဲ့ များစွာသောအိပ်မက်ဆိုးများအား မက်နေဆဲပင်။ ထို့ကြောင့် သူ့ရဲ့အသစ်ချက်ချွတ်ဝယ်ထားတဲ့ အိပ်ရာအသစ်လေးရယ် သူခုနလေးတင် ရှင်းလင်းထားတဲ့အခန်းလေးရယ်ကို လက်လွှတ်လိုက်ရတော့သည်။
ESTÁS LEYENDO
ဒီလိုAမျိုးမှာလည်း Oရှိသေးတယ်လား? ⟨⟨ဘာသာပြန်⟩⟩
Romance• Original Title - 为什么这种A也能有O • Author - 图南鲸 • English Title - Why Is It Possible For This Type Of A To Also Have An O? • Genres - Comedy, Drama, Fantasy, Romance, Psychological, Slice of Life, Yaoi • Type - Web Novel (CN) • Original Publisher - Ch...