Ch 21: "ကိုယ်လည်းစိတ်ဆိုးလာပြီ"

1.1K 225 6
                                    

"အာ့!" ကျန်းယွင်ရှု ဗိုက်ကို အထိုးခံလိုက်ရသည်။ သူ့ကျောက အေးစက်မာကျောတဲ့ နံရံနဲ့တိုက်မိသွားပြီး ခါးကိုင်းနေစဉ်အတွင်း ချောင်းအပြင်းအထန် ဆိုးနေခဲ့သည်။

လင်းပိုင်ကျိုးက တစ်ကိုယ်လုံး အနက်ဝတ်ထားပြီး ကျန်းယွင်ရှုရဲ့ ကော်လာကိုဆွဲကာ သူအတော်ကြာ ဖိနှိပ်ထားခဲ့ရတဲ့ အမျက်ဒေါသတွေက ပေါက်ကွဲထွက်လာခဲ့သည်။ "အခုထိ ဟန်ဆောင်နေတုန်းလား?"

လွန်ခဲ့တဲ့နှစ်နာရီကို ပြန်ရစ်ရမယ်ဆိုရင် လင်းပိုင်ကျိုးရဲ့ မျက်နှာက တင်းမာနေခဲ့လေသည်။ ဆရာဝန်တစ်ယောက်ရဲ့ ပညာရှင်ပီသတဲ့ လူ့ကျင့်ဝတ်က သူစိတ်တိုနေရင်တောင် ကုသမှုအစီစဉ်ကို ပြီးဆုံးသည်ထိ တွန်းပို့နေခဲ့သည်။ စကားပြောတဲ့အခါ သူ့လေသံကတော့ ဆိုးရွားလှသည်။ "မစ္စတာကျန်းက ကိုယ့်Omega နှစ်လနီးပါးလောက် heatမဝင်တာကို သတိမထားမိဘူးလား?"

ဘယ်လိုလုပ် ကျန်းယွင်ရှု မတွေ့ဘဲနေမလဲ? သူ့ပြန်မွေးဖွားတဲ့ ပထမအပတ်မှာ AOအကြောင်း စိတ်ပိုင်းဆိုင်ရာဗဟုသုတတွေ စုပြုံထည့်ခဲ့ရသည်။ Omegaတွေက တစ်လတစ်ကြိမ် heatကို ခံစားရပြီး inhibitorတွေနဲ့ ဖိနှိပ်နိုင်ကာ Alphaတွေက သုံးလတစ်ကြိမ် rutဝင်ပြီး inhibitorဆေးတွေမလိုပေ။

ဂျုနီယာအထက်တန်းကျောင်းက ပံ့ပိုးပေးထားတဲ့ လိင်ပညာရေးအသိပေးဗီဒီယိုတွေကို သူမျက်မှောင်ကြုပ်ကာ ကြည့်ခဲ့လေသည်။ ကြည့်ရတာ Omegaတွေရဲ့ ဂုတ်ပိုးကို ကိုက်တာက ပိုလွယ်မယ့်ပုံပဲ၊ ဒါကြောင့်ပဲ Alphaတွေရဲ့ သွားစွယ်က သာမန်လူတွေထက် ပိုရှည် ပိုထက် နေတာပေါ့။ ဗီဒီယိုထဲမှာ Alphaရဲ့ သွားစွယ်က အသားထဲမြုပ်သွားပြီး Omegaရဲ့ဂုတ်ပိုးကို တစ်ခါတည်း ကိုက်ချပလိုက်ပြီး သွေးတွေက Omegaရဲ့ ဖြူဖျော့ဖျော့လည်တိုင်ကို စီးကျသွားလေသည်။

မဖြစ်ဘူး အရမ်းနာမှာပေါ့။ ကျန်းယွင်ရှု သူ့လက်မောင်းသူ တကယ်ကိုက်ချဖို့ လုပ်ကြည့်တာ နာလွန်းလို့ အသက်တောင်ရှ်ိုက်လိုက်မိတာတောင် အရေပြားလေးပဲ ပေါက်သွားလေသည်။ Omegaရဲ့ glandက အရမ်းထိရှလွယ် ကျိုးပဲ့လွယ်တာကိုတော့ မပြောနဲ့တော့။

သည့်အပြင်ကို သူနဲ့ပိုင်ထန်ရဲ့ လက်ရှိတင်းမာတဲ့ ဆက်ဆံရေးကြောင့် ထိုကဲ့သို့ ရင်းနှီးတဲ့အရာတွေလုပ်ရမှာခက်ခဲ့တယ်လို့ ခံစားရသည်။ သူထုတ်ပြောမရတဲ့ အရာတွေရှိတဲ့အချက်ကို ပေါင်းလိုက်တော့ သူအမြဲအိမ်မှာ inhibitorဆောင်ထားရလေသည်။ ဒါပေမယ့် သူ‌ရက်တွေတွက်ခဲ့ပါတယ်၊ ကိုမာဝင်တဲ့လဝက်ကို ပေါင်းထည့်ရင် တစ်လခွဲလောက် ကုန်သွားခဲ့ပြီ၊ ပိုင်ထန်ရဲ့ heatကာလက လာဖို့လက္ခဏာကို မပြသေးဘူး။

ဒီလိုAမျိုးမှာလည်း Oရှိသေးတယ်လား? ⟨⟨ဘာသာပြန်⟩⟩Where stories live. Discover now