Ch 7: "အလျင်စလိုမလုပ်နဲ့ အချိန်ယူရမယ်"

2K 324 12
                                        


"ဖြန်း!"

အရွယ်ရောက်ပြီးသားAlpha ရဲ့ အားပါတဲ့ပါးရိုက်ချက်က လှေကားအောက်ခြေမှာရပ်နေတဲ့ Omegaကို ဆိုဖာဘေးပေါ်သို့ တိုက်ရိုက်ပစ်ကျသွားစေသည် "အပြင်မှာ အဲ့ဒီဖားယားနေတဲ့အပြုံးတွေကို လုံလောက်အောင် အော်ဂလီဆန်နေပြီးသားကို ငါအိမ်ပြန်ရောက်တော့ မင်းရဲ့ဟန်ဆောင်ပန်ဆောင်လုပ်တာကိုပါ ကြည့်နေရသေးတယ်!"

ပိုင်ထန်က မြေပေါ်မှာ လဲတစ်ဝက်ဖြင့် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်ကာ နားများကအူနေပြီး နှုတ်ခမ်းထောင့်စွန်းကကွဲကာ သွေးများက တစ်စက်စက်စီးကျနေ၏။ သူ့ကိုယ်သူ ထူဖို့လုပ်ပေမယ့်လည်း ပြန်လဲကျပြီး မေးနဲ့ရိုက်မိသွားသည်။

ကျန်းယွင်စူး အရက်များဟောင်နေပြီး သူပြောလေ ဒေါသကြီးလာလေပဲ။ သူခြေလှမ်းကျယ်ကျယ်ငုံ့လှမ်းကာ ပိုင်ထန်၏ဆံပင်ကို ဖမ်း၍ဆောင့်ဆွဲပြီးနောက် ဆက်ပြီးရိုက်နှက်ပြန်သည်။

ပိုင်ထန် နာနာကျင်ကျင်အော်မြည်သံကာ ထုတ်လိုက်မိပြီး သူ့ရှေ့မှောက် ညိုမဲအောင်အရိုက်ခံလိုက်ရသည်။ ကျိုးပဲ့နေတဲ့ စွန့်ပစ်အရုပ်တစ်ခုကဲ့သို့ သူ့မျက်နှာက ဘေးသို့ပစ်လဲသွားသည်။ သူ့ရိုက်နှက်မှုများက ပြင်းထန်လွန်းတာကြောင့် နားစည်ပင်ပေါက်သွားသလိုခံစားရသည်။ သူ့စိတ်များက ဗလာဖြစ်နေပြီး ခုခံမှုအနည်းငယ်မျှတောင် မလုပ်နိုင်တော့ချေ။

"သောက်အပျက်ကောင်! ငါ့ကြောင့်သာမဟုတ်ရင် မင်းဒီလိုကောင်းကောင်းမွန်မွန်နေနိုင်မလဲ!" ကျန်းယွင်စူး ‌ဒေါသထွက်နေဆဲဖြစ်တာကြောင့် အားနည်းတဲ့Omegaလေးကို မြေပေါ်တွန်းထုတ်ပြီး ပိုင်ထန်ရဲ့ နူးညံ့တဲ့ဝမ်းဗိုက်ကို ကန်ကျောက်သည်။

သူ့အစာအိမ်ဆီက ပြင်းထန်တဲ့နာကျင်မှုက ချက်ချင်းပင် သူ့စိတ်အား နိုးကြားသွားစေသည်။ ရှိုက်ငိုကာ သူ့ကိုယ်သူကွေးညွတ်လိုက်ပြီး သူ့ခေါင်းကိုလက်ဖြင့် ဒိုင်းသဖွယ်ကာ၍ အားနည်းစွာ တအီအီပြုကာ "လူကြီးမင်း…ဟင့်! လူကြီးမင်း ကျွန်တော်မှားပါတယ် ကျွန်တော်ကိုမရိုက်ပါနဲ့တော့…"

ကျန်းယွင်စူး၏ အသက်ရှူသံပြင်းပြင်းရှေ့မှာ သက်ညှာပေးဖို့ သူ၏တီးတိုးငိုရှိုက်မှုက သိပ်ကိုအင်အားမဲ့ပုံပေါ်နေခဲ့သည်။ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုမှ ထွက်ပေါ်လာတဲ့ ညည်းညူသံအုပ်အုပ်နှင့် Omegaလေးရဲ့ ငိုယိုအကူအညီတောင်းသံများက အစာအိမ်အတွင်းသို့သာ ဝါး၍မြိုချခံလိုက်ရသည်။ ဘာကြောင့်ဆိုလျှင် သူ့ကိုဘယ်သူမှလာမကယ်နိုင်မှန်း သူသိ၏။ သူသိပ်ကိုသိပါ၏။

ဒီလိုAမျိုးမှာလည်း Oရှိသေးတယ်လား? ⟨⟨ဘာသာပြန်⟩⟩Onde histórias criam vida. Descubra agora