ကျန်းယွင်ရှု ဂျုနီယာအထက်တန်းကျောင်းများအတွက် လိင်ပညာအသိပေးလက်ကမ်းစာစောင်များကို သယ်ဆောင်လာရင်း စာမျက်နှာသုံးက သူ့အာရုံအား ဆွဲဆောင်သွားခဲ့ကာ သူ့ကို ရှင်းလင်းစွာ သိမြင်နားလည်သွားစေခဲ့သည်။
သူကဂေးနေတာလေ... အခုတော့ ယောက်ျားရနေပြီတဲ့...
စာမျက်နှာ ၅ကိုကြည့်ရင်း သူ မသေချာမရေရာစွာ နှစ်ခေါက် ပြန်လှန်ကြည့်မိသည်။
အော် ဒါက လိင်တူဆက်ဆံရေးမဟုတ်ဘူးပဲ၊ လိင်ကွဲဆက်ဆံရေးဖြစ်နေတာဟ။ ကျန်းယွင်ရှု အလျင်အမြန် အသံပြောင်းသွားခဲ့သည်။
ရုတ်တရတ်ဆိုသလိုပဲ သူ့မှာမိန်းမတစ်ယောက်ရှိသွားပြီ...
စာမျက်နှာ ၁၂ရောက်တော့ ကျန်းယွင်ရှုရဲ့ ရှော့ရသွားတဲ့အသွင်အပြင်က ဖုံးကွယ်လို့တောင်မရတော့ချေ။ သူ ကသုတ်ကရုတ်ပဲ ကောင်လေး၏အင်္ကျီအောက်က ဗိုက်ချပ်ချပ်ကို ငုံ့ကြည့်လိုက်မိသည် "မင်း-မင်းက မွေးနိုင်...?"
ဒါသာအမှန်ဆိုရင် ယခုအချိန်ထိ အလွန်တရာ ဝေးကွာလှသော အောင်မြင်မှုတစ်ခု၊ အဆုံးစွန်သောဟန်ချက်ညီမှု၏ မကြုံစဖူးလယ်ဗယ်တွေဖြစ်နေပြီဟ!
ကျန်းယွင်ရှု သူ့မူလကမ္ဘာမှာ ရှိခဲ့စဉ်တုန်းက OGဌာနကို ရီပို့ကမ်းပေးဖို့ တစ်ခါသွားခဲ့တဲ့လမ်းမှာ ခပ်လှမ်းလှမ်းလူနာဆောင်တစ်ခုကနေ အမျိုးသမီးတစ်ယောက်ရဲ့ ကျယ်လောင်တဲ့အသံကို ကြားခဲ့ရလေသည် "ရှင်အရမ်းတတ်နိုင်နေရင် ဘာလို့ကိုယ့်ဟာကိုယ်မမွေးတာလဲ! ရှင်တို့ဖင်ထဲကနေ ထွက်လာရင်ပိုကောင်းသေးတယ်! ငါတို့မိန်းမတွေဆီကနေ ဝေးဝေးနေစမ်းပါ! ထွက်သွား! "
ထို့နောက် သူ့ဆံပင်အကုန်လုံး ဆွဲနှုတ်ခံရကာ ဘိုသီဘတ်သီဖြင့် အမျိုးသားတစ်ယောက် ထွက်ပြေးသွားလေရဲ့။
သူ့ဘေးမှာရပ်နေတဲ့ ဒေါက်တာလင်းက သူ့လက်ကိုဖြန့်ပြရင်းနဲ့ ပြောပြတယ် "အမျိုးသမီးက ခက်ခဲတဲ့မွေးဖွားမှုကို ကြုံခဲ့ရတာလေ။ ကျွန်တော့်လက်ထောက် ထွက်လာပြီး အမျိုးသမီးရဲ့မိသားစုကို အကြောင်းကြားတော့ သူ့ခင်ပွန်းက ချက်ချင်းကို အမောတကော မေးလာပါရောလား ကလေးက ယောက်ျားလေးလား မိန်းကလေးလားတဲ့။ ထားပါတော့ မိခင်ရော သမီးလေးရောက ကံကောင်းစွာနဲ့ အသက်ရှင်နေကြတာပဲဆိုတော့။ ဒါပေမယ့် နောက်ဆုံးတစ်ချက်ကတော့ သူတို့ရဲ့သမီးလေးကိုမြင်တော့ ဖြစ်သွားတဲ့ သူ့ခင်ပွန်းရဲ့ တုံ့ပြန်မှုပဲကွ"
ВЫ ЧИТАЕТЕ
ဒီလိုAမျိုးမှာလည်း Oရှိသေးတယ်လား? ⟨⟨ဘာသာပြန်⟩⟩
Любовные романы• Original Title - 为什么这种A也能有O • Author - 图南鲸 • English Title - Why Is It Possible For This Type Of A To Also Have An O? • Genres - Comedy, Drama, Fantasy, Romance, Psychological, Slice of Life, Yaoi • Type - Web Novel (CN) • Original Publisher - Ch...
