ကျန်းယွင်ရှု ပိုင်ထန်ရဲ့အမူအရာကို လေ့လာကြည့်ပြီးတော့ သူသိတယ်ဆိုတာကို နားလည်သွားခဲ့သည်။ သူခေါင်းခါကာ မူလပိုင်ရှင်အား ထပ်ပြီး မကျိန်ဆဲပဲ မနေနိုင်တော့။
သူပြန်လည်မွေးဖွားပြီးကတည်းက တစ်လလောက်လေးမှာတင် အရင်ဘဝက သူကျိန်ဆဲခဲ့တဲ့လူတွေ ပေါင်းလိုက်တာထက်တောင် ပိုများနေပြီ။
သူခေါင်းတွေနာတယ်။ ခံစားချက်ရေးရာပြဿနာတွေနဲ့ ပက်သက်ရင် သူကဖြေရှင်းရာမှ တော်မနေချေ။ သူပြောရမှာ ကိုးယိုးကားယားနိုင်လှသည်။
သူက ပင်ကိုအေးတိအေးစက်နှင့် အလုပ်များသူဖြစ်လေသည်။ ပြီးခဲ့တဲ့၂၉နှစ်တာမှာ သူ တစ်စုံတစ်ယောက်နဲ့ ရင်းနှီးတာမျိုး၊ တစ်ယောက်ယောက်နဲ့ နီးကပ်တဲ့ဆက်ဆံရေး တည်ဆောက်ဖူးခဲ့တာမျိုး မရှိခဲ့ပေ။ သူ့အရင်ကမ္ဘာမှာ သူ့မိဘတွေနဲ့ ဆက်ဆံရေးမကောင်းသလို ချစ်သူလည်းမရှိချေ။ သူနဲ့ ရင်းနှီးတဲ့တစ်ယောက်ထဲသောလူဆိုလို့ သူငယ်ချင်းဖြစ်သူ ဒေါက်တာလင်းပဲရှိခဲ့သည်။
သူသာ မတော်တဆ မသေဆုံးခဲ့လျှင် ကျန်တဲ့ဘဝတစ်လျောက်လုံး သူတစ်ကိုယ်တည်းနေဖြစ်လောက်သည်။
သူက အရင်ကပိုင်ထန်နဲ့ များစွာသော စိတ်ပိုင်းဆိုင်ရာ အငြင်းပွားမှုတွေ ရှိခဲ့လေသည်။ ကောင်းကောင်းမလုပ်တာကို အဆုံးသတ်ရန် သူကျည်ဆံကိုသာ ကိုက်ရပေမည်။ IQမြင့်လူတစ်ယောက် သို့မဟုတ် ဒီခန္ဓာကိုယ်ကို ပူးကပ်နေတာသာ အချစ်ရေးဝါရင့်တစ်ယောက်ဆိုရင် ပိုင်ထန်က အကြိမ်များစွာ နေမကောင်းတာမျိုး မဖြစ်လာမှာ ဖြစ်နိုင်လေ၏။
ပြီးတော့ လက်ရှိအခြေအနေမှာ ကျန်းယွင်ရှု မအောင်မြင်လုနီးပါးပင်။ ဒီဟာက လူသစ်တစ်ယောက်ကို levelမတက်၊ ဘာပစ္စည်း ဘာဆေးမှမရှိဘဲ နောက်လိုက်ပါမွှားလေးတွေကို တစ်ခတည်းကျော်ချပြီး final bossကြီးကို တိုက်ရိုက်တိုက်ခိုင်းပြီး ဂိမ်းဆော့ခိုင်းတာနဲ့ ညီမျှလေသည်။
နှုတ်ကတိက သိပ်အားပျော့လွန်းတယ်လို့ သူထင်သော်ငြား တိတ်နေလို့မရဘူးလို့ သူခံစားရလေသည်။ ခက်ခက်ခဲခဲဖြင့် သူပြောခဲ့သည်။ "အနာဂတ်မှာ ကိုယ်ဘယ်သူတွေနဲ့မှ ခြေမရှုပ်တော့ပါဘူး… ဒီလိုကွာ ကိုယ်ထပ်ပြီးမဖောက်ပြန်တော့ဘူး တစ်ခြားလူတွေနဲ့ ဘာဆက်ဆံရေးမှ မရှိတော့ပါဘူး"
ESTÁS LEYENDO
ဒီလိုAမျိုးမှာလည်း Oရှိသေးတယ်လား? ⟨⟨ဘာသာပြန်⟩⟩
Romance• Original Title - 为什么这种A也能有O • Author - 图南鲸 • English Title - Why Is It Possible For This Type Of A To Also Have An O? • Genres - Comedy, Drama, Fantasy, Romance, Psychological, Slice of Life, Yaoi • Type - Web Novel (CN) • Original Publisher - Ch...
