ပိတ်ရက်တစ်ရက်၏ မနက်ခင်း၈နာရီဖြစ်သည်။
လင်းပိုင်ကျိုးသည် ကျန်းယွင်ရှုရဲ့ ရုံးခန်းထဲက ဆိုဖာပေါ်ထိုင်ပြီး သည်းမခံနိုင်အောင် ဒေါသထွက်နေလေ၏။ သူ့ဆံပင်တွေကို ဆွဲဖွ၍ သက်ပြင်းချပြီးနောက် အော်ဟစ်လိုက်လေတော့သည်။
"အာာာားးးးးး!!!! ငါတကယ့်ကို သောက်ကျိူးနည်းရူးတော့မှာပဲကွာာ!""ဒေါက်တာလင်း" ကျန်းယွင်ရှု မေးခွန်းလွှာထဲက အရေးပါတဲ့စကားလုံးကို ဝိုင်းလိုက်ပြီး အဖြေလွှာထဲ 'C'ကို အမ့န်ဖြည့်လိုက်ကာ "စာမေးပွဲခန်းစောင့်က တိတ်တိတ်နေသင့်တယ်လေ"
"ဟိုးဟိုး" လင်းပိုင်ကျိုးက စိတ်အခြေအနေဆိုးရွားနေလျက် ဒေါပွစွာပြောသည်။ "ဒီမေးခွန်းအစုံကို ငါ့ဆရာထုတ်ထားတာကွ။ မင်းအရင်နှစ်ရဲ့ စာမေးပွဲမေးခွန်းတွေကို ကျက်လာတာဆိုရင် အခုပဲအရှုံးသာပေးလိုက်တော့။ ငါ့အချိန်တွေ လာမဖြုန်းစမ်းနဲ့!"
ကျန်းယွင်ရှုက ဂရုမစိုက်စွာပြန်ပြောသည်။ "တိတ်တိတ်နေပါ ဒေါက်တာလင်းရေ"
"ကျစ်" လင်းပိုင်ကျိုးမှာ မပျော်ရွှင်တဲ့လေထုတွေ ခြံရံလျက်ဖြင့် "ခိုးချလို့ကတော့ မင်းသေမယ်မှတ်"
ကျန်းယွင်ရှုကတော့ သူ့ခြိမ်းခြောက်မှုက ရယ်စရာကောင်းတယ်လို့သာ တွေ့ရလေသည်။ လင်းပိုင်ကျိုးက လျှပ်စစ်ပစ္စည်းတွေအကုန် သိမ်းယူထားပြီး စာရွက်တစ်စုံနဲ့ ဘောပင်တွေကလွဲ စားပွဲကပေါ် ဘာမှကိုမရှိနေချေ။ ရုံးခန်းထဲက အင်တာနက်ကေဘယ်ကြိုးတွေကိုတောင် ပလပ်ဖြုတ်ထားခဲ့တာကို သူဘယ်လိုခိုးချမလဲ?
ဖာ့ခ်။ လင်းပိုင်ကျိုးက အပြင်ပန်းမှာသာ အမူအရာမဲ့နေပေမယ့် သူ့စိတ်ထဲမှာတော့ ရူးခါနေပြီ။ သူ့စိတ်တွေလည်း လွတ်ကုန်တာဖြစ်ရမယ်; ပြန်လည်မွေးဖွားတယ်, စိတ်ဝိညာဉ်တွေ— ဘယ်လိုလုပ် အဲ့လိုအရာမျိုးရှ်ိမှာလဲလို့? ဖာ့ခ်! သူတကယ်ကြီး သောက်ရူးတစ်ကောင်ကို အဖော်ပြုဖို့ ကောင်းမွန်တဲ့ပိတ်ရက်လေးတစ်ရက်ကို ဖြုန်းတီးပစ်လိုက်တာပဲ— အဲ့အကြောင်းကို လင်းပိုင်ကျိုးတွေးလေ သူ့ကိုယ်သူငအလို ခံစားရလေပဲ။ စကြဝဠာကြီးက ပြဿနာတွေဖန်တီးပေးနေတာပဲ အာာာာာားးးးးးးး!!!!!!!!—— လင်းပိုင်ကျိုးရေ မင်း၂၃နှစ်လုံးကို အလကားလေ့လာခဲ့တာလားကွာ——
YOU ARE READING
ဒီလိုAမျိုးမှာလည်း Oရှိသေးတယ်လား? ⟨⟨ဘာသာပြန်⟩⟩
Romance• Original Title - 为什么这种A也能有O • Author - 图南鲸 • English Title - Why Is It Possible For This Type Of A To Also Have An O? • Genres - Comedy, Drama, Fantasy, Romance, Psychological, Slice of Life, Yaoi • Type - Web Novel (CN) • Original Publisher - Ch...