Ch 9: "မင်းခြေထောက်ကိုရော လိုချင်သေးရဲ့လား?!"

1.7K 306 4
                                    

တောက်ပ၍ ‌သေးငယ်သော အခန်းထဲဝယ် မှောင်နေတဲ့ထောင့်နားမှာ ကွယ်နေတဲ့လူကို သူဗလာသက်သက်စိုက်ကြည့်နေမိသည်။ သူ့ကို အရင်က ဒုက္ခပေးခဲ့တဲ့ ပစ္စည်းတွေက အမှိုက်ပုံးကြီးထဲသို့ တစ်ခုချင်းစီ‌လောင်းထည့်ပြီး စွန့်ပစ်ခံလိုက်ရပြီ။ လျှပ်တပြက် အပြာရောင်အလင်းတန်းတစ်ခုက ထူထူးဆန်းဆန်းဟန်ပန်ဖြင့် ရေးရေးမျှပေါ်လာခဲ့သည်။

ပိုင်ထန်ရဲ့ မျက်ဆံများ ကျုံ့သွားခဲ့၏။ သူ့မျက်နှာအား အလျင်အမြန် လှည့်ပစ်လိုက်သည်။ သူ့ရဲ့ ပြန်လည်စုစည်းတည်ဆောက်မှုများက နေဝင်ချိန် မြူဆိုင်းနေသော သမုဒ္ဒရာအသွင်ကဲ့သို့၊ မှောင်မိုက်၍ ငန်ကျိကာ သူ့ကို သမုဒ္ဒရာကြမ်းပြင်သို့ ဆွဲချသွားလေသည်။

ကျန်းယွင်စူးက အိပ်ရာဘေးမှာ ထိုင်လျက်ပြောသည် "ဟေ့ ပိုင်ထန်" သူ၏ ရှည်လျားသွယ်လျသော လက်ချောင်းများက လက်ထိပ်တစ်စုံကို လှည့်နေပြီး နီလာရောင်အဝိုင်းက ဖျတ်ခနဲလက်သွားခဲ့သည်။
"ငါ့ဆီ ဝမ်းလျားထိုးလာခဲ့"

[ T/N: နီလာရောင်=အပြာရောင်]

အခုမှရေချိုးလာတဲ့ပိုင်ထန်က တစ်စက္ကန့်‌လောက်ရပ်နေပြီးမှ ကျွမ်းကျမ်းကျင်ကျင် ဒူးထောက်၍ ကျန်းယွင်စူး ခြေထောက်ဆီသို့ တွားသွားလာခဲ့သည်။

ကျန်းယွင်စူး၏နှုတ်ခမ်းများက ကွေးညွတ်သွားသည်။ သူ ဒူး‌ထောက်နေတဲ့Omegaကို လှမ်းကြည့်ကာ ရက်ရောစွာ ခြေထောက်ကို တိုးပေးလိုက်ပြီး ပိုင်ထန်ကလည်း နာခံစွာ ကျန်းယွင်စူး၏ ပေါင်နောက်ဘက်ကို လူကပ်တဲ့ကြောင်လေးသဖွယ် ပါးဖြင့် ပွတ်သပ်နေသည်။

ရွှင်မြူးနေသော စိတ်အခြေအနေနှင့် ကျန်းယွင်စူး လက်ထိပ်အား ပိုင်ထန်ရဲ့လက်ကောက်ဝတ်ပေါ် ဆင်ပေးလိုက်သည် "ဘယ်လိုနေလဲ? ကြည့်မကောင်းဘူးလား?"

ပိုင်ထန် လက်နှစ်ဖက်လုံးအား အကျဉ်းသားကဲ့သို့ မြှောက်လိုက်သည်။ သူစူးစမ်းကြည့်‌တော့ လက်ထိပ်က အဝိုင်းဆိုတာထက် ထူးဆန်းတဲ့ပုံသဏ္ဍာန် ရှိနေသည်။ ထောင့်စွန်းတွေကို လှပတဲ့နှင်းဆီပန်းပြောက်တစ်ခုကို နှင်းဆီပန်းအလယ် နီလာလှလှ‌လေးမြှုပ်၍ ထွင်းထားလေသည်။

ဒီလိုAမျိုးမှာလည်း Oရှိသေးတယ်လား? ⟨⟨ဘာသာပြန်⟩⟩Donde viven las historias. Descúbrelo ahora