Ch 3: "ဖြည်းဖြည်းချင်းအချိန်ယူကြရအောင်"

2.4K 372 2
                                        

ခြံအပြင်၌ ဝင့်ကြွားပျော်ရွှင်နေကြသော စာကလေးများက သစ်ပင်ပေါ်သို့ တက်လိုက်ဆင်းလိုက်ဖြင့် ပြတ်တောင်းပြတ်တောင်း သီဆိုကြူးနေကြ၏။

နွေးထွေးတဲ့ အဝါရောင် ‌အလင်း‌ဖျော့ဖျော့လေးက စားပွဲခင်းပေါ်ဖြာကျနေလျက်ရှိသည်။ ကျန်းယွင်ရှု မုန်လာထုပ်တစ်ဖက်ကို ပါးစပ်ထဲသို့ အမြန်ထည့်ကာဝါးလိုက်မိတာကြောင့် ထွေးထုတ်မိ‌တော့မလို ဖြစ်သွားခဲ့သည်။ သူရေတစ်ခွက်လိုက်ကြီး ‌မသောက်ပြီးခင်အထိ ဟင်းတစ်ပွဲစီတိုင်းအား အနည်းငယ်မြည်းကြည့်ခဲ့သည်။

ကောင်းရော ဆားတွေများလွန်းတယ်

ကျန်းယွင်ရှု၏အတွေးများက သွေးတိုးရောဂါ၊ ပါးစပ်အနာပေါက်ခြင်း၊  အပေါ်ပိုင်းအသက်ရှူလမ်းကြောင်းပိုးဝင်ခြင်းနှင့် ကျန်တဲ့များစွာသော ဆေးပညာဝေါဟာရတွေ ပြည့်နှက်လာခဲ့သည်။

ဒါပေမယ့် သူက အားစိုက်ထုတ်ပြီး ချက်ထားရတဲ့လူမဟုတ်တာကြောင့် သူ့မှာချေးများဖို့ အရည်အချင်းမရှိပါလေ။

ကျန်းယွင်ရှု တူမချခင် အလုတ်အနည်းငယ်သာ စားခဲ့လေ၏။ ပိုင်ထန်က သူစားလို့ပြီးသွားတာကို သတိထားမိတော့ ကျန်သေးတဲ့ ထမင်းတွေအကုန်လုံးကို ပါးစပ်ထဲပြည့်ဖောင်းအောင် သွပ်သိပ်ထည့်တော့သည်။

"မင်းအချိန်ယူပြီးစားနေဦးလေ။ ကိုယ် ပန်းကန်တွေဆေးနှင့်ထားလိုက်မယ်" ကျန်းယွင်ရှုထ၍ ကျန်နေတဲ့ဟင်း‌တွေတစ်ဝက်ကို ပလတ်စတစ်wrapဖြင့်ပတ်၍ နောက်ရက်မှာပြန်နွှေးဖို့ ရေခဲသေတ္တာထဲထည့်ထားလိုက်သည်။

မမျှော်လင့်ဘဲ သူတစ်ဝက်လောက်ပြီးခါစမှာ ပိုင်ထန် သူ့ပန်းကန်လုံးလေးကိုင်ကာ ပြေးလာပြီး အသာကလေးမဝံ့မရဲပြောတယ် "လူကြီးမင်း ဟင်းတွေက တစ်ရက်အတွင်း သွန်ပစ်ရမှာ…" 

ကျန်းယွင်ရှု၏ ရွေ့လျားနေသောလက်များက တန့်သွားကာ ပြန်ဖြေဖို့ အချိန်ခဏယူရင်း ပလတ်စတစ်wrapတွေကို ပြန်ဖယ်ကာ အမှိုက်ပုံးထဲသို့ ပစ်လိုက်သည် "ကိုယ်ဟင်းတွေသွန်ဖို့ လုပ်လိုက်မယ်"

"မ-မလိုပါဘူး!" ပိုင်ထန်ကြောက်ရွံ့သွားပြီး သိမ်မွေ့တဲ့မျက်ခုံးလေးများက တွန့်ချိုးကာ ပါးပြင်၌ အနီရောင်လေးဖြတ်ပြေးသွားခဲ့သည်။ "ဟင်းတွေကို ကျွန်တော်သွန်ပါ့မယ် လူကြီးမင်း…"

ဒီလိုAမျိုးမှာလည်း Oရှိသေးတယ်လား? ⟨⟨ဘာသာပြန်⟩⟩Место, где живут истории. Откройте их для себя