Ch 24: "အချိန်အကြာကြီးထိ တစ်‌ယောက်မှအစမဖော်ခဲ့ရင်"

1.1K 241 15
                                    

ကုတင်ပေါ်က သူ့သခင် ကြောက်နေတာကို သိနေသလိုမျိုး ဟေးထန် ရုတ်ချည်းထရပ်လိုက်သည်။ သူကုတင်နားမှာ အရှေ့ပြေးလိုက် အနောက်ပြေးလိုက် လုပ်နေခဲ့သည်။

ကျန်းယွင်ရှုနေရာမှာပဲ ရပ်နေကာ စိတ်အေးအေးဖြင့် အာမခံသည်။ "မကြောက်ပါနဲ့ ကိုယ်ဒီမှာပဲရပ်နေမှာပါ။ စိတ်ချလက်ချနေနော်"

ဟေးထန်က ကုတင်ပေါ်ခုန်တက်ဖို့ သေးကွေးနေခဲ့၏။ ကုတင်အစွန်းလေးမှာ သူ့ရှေ့ခြေလေးကိုတင်ပြီး အကြိမ်အနည်းငယ်အူနေခဲ့လေသည်။

ပိုင်ထန်က သူ့ဒူးကိုပိုက်၍ ဘောလုံးလေးတစ်လုံးကဲ့သို့ သူ့ကိုယ်သူကျုံ့ထား‌လေပြီး သူ့အာရုံကို ဟေးထန်က ဆွဲယူသွားခဲ့သည်။

…ခွေးလေး? အဲတာခွေးလေးပဲ! ဒါပေမယ့် ဘာလို့အဲ့မှာ ခွေးပေါက်လေးကရှိနေရတာလဲ… အား ဟုတ်သား ဟေးထန်ပဲ။ ဒါက ကျန်းယွင်ရှုမှတ်ဉာဏ်ပျောက်သွားပြီး  သူ့အတွက်ဝယ်ပေးခဲ့တဲ့ ခွေးပေါက်လေး…

ဆိုတော့ သူကအတိတ်မှာရောက်နေတာ မဟုတ်ဘူးပေါ့။ လက်ရှိAlphaက သူ့ကိုအချိန်အချိန်မှာတော့ နာကျင်အောင်လုပ်မှာမဟုတ်ဘူး။

ဆင်ခြင်သုံးသပ်နိုင်စွမ်းက ပိုင်ထန်ဆီသို့ ဖြေးဖြေးချင်း ပြန်ရောက်ရှိလာခဲ့သည်။ သူ့ပိတ်နေတဲ့နှာခေါင်းလေးနဲ့ အသက်ရှူသွင်းပြီး သူ့ခန္ဓာကိုယ်အား ဘေးဘက်သို့ လှည့်လိုက်ကာ သူ့ကြည့်ရတာ ကုတင်ကနေဆင်းချင်ပုံရသည်။

"မလှုပ်နဲ့" ကျန်းယွင်ရှု ချက်ချင်းဆိုသလို ပြောလာခဲ့သည်။ "ကုတင်ပေါ်ပဲထိုင်နေ၊ ကိုယ့်မှတ်ဉာဏ်ပြန်မရသေးလို့ မင်းကိုနာကျင်အောင် ကိုယ်လုပ်မှာမဟုတ်ဘူး။ မင်းအဖျားတက်နေလို့သာ ကိုယ်အထဲဝင်လာတာ"

ပိုင်ထန်ရဲ့ခေါင်းက အရမ်းကိုက်နေပြီး သူ့ခြောက်သွေ့နေသည့် မျက်လုံးများကိုခတ်လိုက်ခဲ့သည်။ သူစိတ်မဆိုးခဲ့ပေ၊ သူ့ကျေးဇူးတင်မှုကိုပင် လေးတွဲ့‌တွဲ့ ဖော်ပြလာခဲ့လေသည်။ "ကျေးဇူးတင်ပါတယ် လူကြီးမင်း..…"

သူခေါင်းကြည်သွားတာကို ကျန်းယွင်ရှုမြင်မှ သူအနားကပ်လာပြီး "ကိုယ်အခု အဖျားကျတဲ့ကပ်ခွာလေး နဖူးပေါ်တင်ပေးတော့မယ် မကြောက်နဲ့နော်"

ဒီလိုAမျိုးမှာလည်း Oရှိသေးတယ်လား? ⟨⟨ဘာသာပြန်⟩⟩Where stories live. Discover now