Chapter 3.2-ညည်းညူ​တယ်ဆိုတာလဲ​ကျောက်ကပ်ချို့တဲ့တဲ့လက္ခဏာတစ်ခုပဲ

2K 351 2
                                    

သူ့ကိုဆက်ပြီးအာရုံမစိုက်​တော့ပဲ ရှဲ့လွမ်ခေါင်းကိုလှည့်လိုက်ပြီး သူ့​ဘေးမှာရှိတဲ့မူခသား​ပေါက်ရဲ့​​ရှေ့ခြေ​​​ထောက်ကို ပွတ်​ပေးလိုက်သည်.သား​ပေါက်​​လေးကသူ့ကိုလှည့်ကြည့်လိုက်ပြီး ခပ်နိမ့်နိမ့်အသံ​လေးပြုလုပ်လိုက်သည်. ရှဲ့လွမ်အ​​ရှေ့ကို နဲနဲ​လျှောက်လိုက်ပြီး လှည့်ကြည့်ပြီး သား​ပေါက်ကြီးကို​​​ဝေ့ယမ်းပြလိုက်သည်.ပြီး​တော့ သူဖြည်းဖြည်းနဲ့ ကြည်လင်​နေတဲ့အသံနဲ့ ​ပြောလိုက်သည် "က​လေး​လေး ဒီကိုလာခဲ့."

တခြားသူ​တွေ အံ့သြ​နေတဲ့အချိန်မှာ ခက်ထန်ပြီးကြမ်းတမ်းတဲ့အ​ကောင်ကြီးဖြစ်တဲ့ မူခသား​ပေါက်က​နောက်​က​နေအမြန်လိုက်သွားသည်.လူငယ်​လေးက"က​လေး​လေး" လို့​ခေါ်လိုက်တဲ့အချိန်မှာ သူကသတိမထားမိပဲ ပိုပြီးနူးညံသိမ်​မွေ့သွားသည်.

ရှချီက ဦး​​ဆောင်ပြီး​တော့ ရှဲ့လွမ် ထပ်ပြီးရန်မလိုတော့တဲ့ မူခသား​ပေါက်ကို​ခေါ်လာပြီး ခုနကသူတို့မဝင်ရ​သေးတဲ့အ​ဆောက်ဦးထဲကိုဝင်သွားသည်.ရှဲ့လွမ်က သူ့ရဲ့အနာဂတ်အလုပ်​နေရာကိုတစ်ချက်ကြည့်လိုက်သည်.

အပြင်အဆင်က ရှဲ့လွမ်ရဲ့အမြင်မှာ​တော့ မူကြို​ကျောင်းနဲ့​တော်​တော်ဆင်တယ်.က​လေးဆန်ပြီး​တော့ အ​ဆောက်ဦးတစ်ခုလုံးက​ နွေး​ထွေးပြီး​တောက်ပသည်.နံရံ​ပေါ်မှာအလှအဆင်ထားတာ​တွေအများကြီးရှိပြီး​တော့ ပန်းချီ​တွေလဲရှိသည် ဒါ​ပေမဲ့ပြသာနာက နံရံက သူ
မထင်ထားတဲ့တခြားအရာတွေနဲ့ အချိန်ကာလအ​တော်ကြာကိုဖြတ်သန်းခဲ့ရလို့ထင်သည် နံရံရဲ့​နေရာ​တော်​တော်များများကကွာကျ​နေပြီ နံရံ​ပေါ်က​သုတ်ဆေး​တွေက​တော်​တော်​လေး​​ဟောင်းနေပြီ.

ဒီအ​ဆောက်ဦးမှာ အထပ်တစ်ထပ်ပဲရှိပြီး နေရာ​​တွေကို​တော့​ တော်​တော်များများခွဲထားတယ်, သား​ပေါက်​လေး​တွေကိုအစာ​ကျွေး​တဲ့​နေရာ, အိပ်ဖို့အတွက်ရယ်, ပစ္စည်း​တွေသို​​လောင်ဖို့အခန်းရယ်, ​ရေချိုး​ပေးတဲ့အခန်းရယ် အစရှိသဖြင့် သား​ပေါက်​လေး​တွေကိုဂရုစိုက်​ပေးဖို့ထားထားသည်.

သား​ပေါက်​ပျိုး​ထောင်​ရေးအဖွဲ့အစည်းWhere stories live. Discover now