Chapter 66.2-သူ့ကို​ပွေ့ဖက်လိုက်ရုံပါပဲ။

219 49 1
                                    

မူခသား​ပေါက်လေး၏မျက်လုံးထဲတွင် မြင်ကွင်းက ဘယ်လိုပုံစံဖြစ်​နေမလဲဆိုတာ ယေဘူယျ အတွေးဝင်လာ​တော့ ရှဲ့လွမ်၏ဘယ်ဘက်မျက်လုံးက မသိစိတ်က​နေ တွန့်သွားခဲ့သည်။

ဒါ​ပေမယ့်လည်း ထိုမြင်ကွင်းသည် ကြာရှည်စွာ မကျန်ရှိခဲ့ပေ။ရှဲ့လွမ် နောက်ဆုံးတွင် သူ့အပေါ်မှ ​နောစ့်သည် ​ သူ့​​ဘေးနားမှာ လှဲချလိုက်တာကို ​တွေ့လိုက်ရပြီး ငွေ​ရောင်အမြီးသည် သူ့ခါးတစ်ဝိုက်တွင် ရှိနေသေးသည်။ထို့နောက် ​နောစ့်သည် လှမ်းလိုက်ပြီး သူ့ကို အနားကို လှမ်းဆွဲလိုက်သည်။

သား​ပေါက်လေးက ကြည့်​နေတဲ့အတွက်​ကြောင့် သူတို့ အဲ့ဒီ​နောက်တွင် သဘာဝအတိုင်း မလှုပ်ရှားတော့​ပေ။မူခသား​ပေါက်လေးသည် လိမ်လိမ်မာမာနဲ့ သူမျက်လုံးများကို မှိတ်လိုက်ပြီး သိပ်မကြာခင်တွင် အိပ်ပျော်သွား​တော့သည်။

အဲ့ဒါကို ​သေချာ​အောင်လုပ်လိုက်ပြီး ရှဲ့လွမ်က သူ့ကို ပွေ့ဖက်ထားတဲ့​ ​နောစ့်ကို အာရုံပြန်စိုက်လိုက်သည်။အခုလေးတင်ပဲ သူက ခက်ခက်ခဲခဲနဲ့ ပုံမှန်မဟုတ်တဲ့ အခြေအနေမှာရှိနေတဲ့ ​​နောစ့်ကို တကယ်ပဲ တစ်စိတ်တစ်ပိုင်း နှစ်သိမ့်​ပေးနိုင်ခဲ့သည်။ အခု သူမော့ကြည့်လိုက်တော့ စိမ်းပြာရောင်မျက်လုံးနှစ်လုံးနဲ့ ဆုံလိုက်ရတော့ သူတို့ထဲက ကျုံ့နေသောမျက်စံများသည် တော်တော်​လေး သက်သာသွားပုံရသည်။

သူ့ကို ပွေ့ဖက်လိုက်ရုံပါပဲ။

အဲ့ဒါကိုတွေးရင်း ရှဲ့လွမ်က သူ့ဘေးနားကနောစ့်နဲ့ အဲ့လို ပွေ့ဖက်လိုက်ပြီး တစ်ညလုံး အိပ်လိုက်သည်။

သူတို့ဒီအနေအထားမှာပဲ ရှိနေတုန်းဆိုတာ နိုးလာတော့ ရှဲ့လွမ်က ခပ်တိုးတိုးချောင်းဆိုးလိုက်ပြီး သူ့ခါးကို ရစ်ပတ်ထားတဲ့ ငွေ​ရောင်အမြီးကို ထိလိုက်သည်။အမြီးက သူ့ကိုလိုလိုလားလား လွှတ်လိုက်ပြီး ရှဲ့လွမ်က အဲ့​နောက် ကုတင်ပေါ်ကနေထနိုင်ခဲ့သည်။

ကြယ်တာရာမဟာမိတ်အဖွဲ့ စေလွှတ်သည့် အလိုရှိ​သော ရာဇ၀တ်သားလေး​ယောက်ကို ပြန်ရယူခြင်း မပြုမီတွင် Dukeသည် လေး​ယောက်ထဲမှ ကျန်ရှိ​သော တန်ဖိုးများကို ညှစ်ထုတ်ရန် နှမြောခြင်းမရှိခဲ့ပေ။

သား​ပေါက်​ပျိုး​ထောင်​ရေးအဖွဲ့အစည်းOù les histoires vivent. Découvrez maintenant