သူတို့က မှန်ကန်တဲ့လူကို ဖမ်းမိထားပုံရသည် အဲ့ဒါက… ရှဲ့လွမ်က ဇာရက်ဒ်ကို ဘေးကိုခနဆွဲခေါ်လိုက်ပြီး သူ့အသံကိုနိမ့်ပြီး ပြောလိုက်သည်“လူကို အဲ့လိုမျိုးခေါ်လာတာက…”။
“တရားဝင်တယ် အဲ့ဒါတရားဝင်တယ်” လူငယ်လေး ပြောမပြီးခင်မှာ ဇာရက်ဒ်က အဲဒါကို နှစ်ကြိမ်ထပ်ပြောလိုက်ပြီး တစ်ဖက်လူကို ဖြတ်သွားရင်း စိတ်အေးစေရန် အားပေးလိုက်သည်။
စုံစမ်းစစ်ဆေးရေးမှူးများနှင့် စစ်ဆေးမေးမြန်းသူများသည် ဤမြင်ကွင်းကို တိတ်တဆိတ်ကြည့်ရှုနေကြသည်။ယခင်က သူတို့ရဲ့အထက်လူကြီးက ပျိုးထောင်ရေးကလပ်တွင် ဂိတ်စောင့်အဖြစ် စေတနာ့ဝန်ထမ်း လုပ်နေသည်ဟူသောအချက်ကို မချေဖျက်နိုင်သေးသော်လည်း ယင်းအကြောင်းနဲ့ပတ်သက်ပြီး မည်သူကိုမှ စကားတစ်ခွန်းပင် မပြောနိုင်ခဲ့ကြပေ။
အရင်က စစ်တပ်ထဲက လူတချို့က သားပေါက်ပျိုးထောင်ရေးကလပ်ရဲ့ ဗီဒီယိုဖိုင်ကို ထပ်ရှယ်ခဲ့ကြတာ အံ့သြစရာမဟုတ်ပေ အဲ့ဒါကဗိုလ်ချုပ်ရဲ့ ကြင်နာမှု့ အကူအညီဖြစ်သည်။
"မင်းဟူဒီမိသားစုက ငါ့ကိုလက်တုန့်ပြန်လာမှာမျိုးအဖြစ်မခံဘူးလို့ မင်းပြောခဲ့တယ် မင်းရဲ့ စကားကို ထိန်းထားရမယ်။"
ငွေလက်ခံရရှိပြီးနောက် အိုဂီသည် ရှက်ဖွယ်ကောင်းသောလုပ်ရပ်ကိုပြုလုပ်ခဲ့ပြီး အခြားဂြိုဟ်တစ်ခုပေါ်တွင် ပုန်းအောင်းရန် အမြန်ထွက်ခွာသွားခဲ့သည်။ဟူဒီသားစု၏သခင်နှင့် သဘောတူညီချက်တွင် သူသည် ဟိုက်လူမိုက်ကို နောက်တစ်ကြိမ်ခြေထောက် ဒါမှမဟုတ် ဆူးတောင်ကိုဖြစ်စေ ဘယ်တော့မှခြေမခတော့ရန်ဖြစ်သည်။
အခုသူရှာတွေ့ခံသွားရတော့ အာမခံချက် တစ်စုံတစ်ရာမရဘဲ သူဒီကိစ္စနှင့်ပတ်သက်ပြီး ရိုးရိုးရှင်းရှင်း ထုတ်ပြောရန် နည်းလမ်းအပြင်မရှိပေ။
"ကောင်းပြီ။"အစောပိုင်း စစ်ကြောရေးတာဝန်ခံက ဒီစကားနှစ်ခွန်းကိုပြောပြီး တစ်ဖက်လူကို ချက်ချင်း နှုတ်ပိတ်လိုက်သည်။
VOCÊ ESTÁ LENDO
သားပေါက်ပျိုးထောင်ရေးအဖွဲ့အစည်း
FantasiaTitle -Cub Raising Association Type -Web Novel(CN) Genre -Fanstry,Romance,Sci-fi,Shounen Ai,Slice of Life Author-jiuyi 酒矣 Status in COO-130Chapters(Complete) Eng Tran-Leo Translations This isn't my story.Credit to original author a...