Chapter 31-​ခြေ​ထောက်​လေး​ချောင်း ​ကောင်းကင်ကိုမျက်နှာမူပြီး

1.7K 330 7
                                    

သူတို့ကလပ်မှာ ဆုဖလားပြခန်းကို မတည်ဆောက်ရသေး​သောကြောင့် စဉ်းစားပြီးနောက် ရှဲ့လွမ်သည် သစ်သားငှက်စင်ဘေးရှိ ဧည့်ခန်းနံရံတွင် ဆုတံဆိပ်သုံးခုကိုချိတ်ဆွဲရန် ဆုံးဖြတ်ခဲ့သည်။

ရှချီနဲ့ကျန်ခဲ့တဲ့ တခြားသူတွေက သူတို့ကလပ်ရဲ့သားပေါက်လေးသုံးယောက်စလုံးက ထိပ်တန်းဆယ်ယောက်ထဲကို ရောက်သွားပြီဆိုတာကို ရှင်းယူက​နေတစ်ဆင့်ကြားသိခဲ့ရပေမယ့် ဂုဏ်ယူ​နေတဲ့သားပေါက်လေးသုံးကောင်က သူတို့ရဲ့တောက်ပတဲ့ဆုတံဆိပ်တွေကိုကြွားဝါနေတာကို သူတို့မျက်လုံးနဲ့ မြင်ရတာက နောက်တစ်ခုဖြစ်သည်။ အဲဒါက သူတို့ကို တကယ်ပျော်ရွှင်စေသည်။

နေကြာပန်းပုံသဏ္ဍာန်ဆုတံဆိပ်များသည် အလွန်ချစ်စရာကောင်းပြီး အထူးသဖြင့် နူးညံ​သော သားပေါက်လေးများ၏လည်ပင်းတွင် ချိတ်ဆွဲထား​သောအခါတွင် ဖြစ်သည်။

သေချာသည်မှာ ၎င်းသည် သားပေါက်ကလေးများ၏ အခြေခံပျံသန်းနိုင်မှုကိုစမ်းသပ်သည့် ရင်းနှီးသော ပြိုင်ဆိုင်မှုတစ်ခုမျှသာဖြစ်သည်။သို့သော် ရှဲ့လွမ်အိမ်ထဲသို့ဝင်ကာ ဧည့်ခန်းထဲသို့ သား​ပေါက်​လေးများကို ​ခေါ်ဆောင်လာသောအခါ အခန်းအတွင်းရှိ အခြားလူကြီးများက သားပေါက်​လေးများကို အလွန်အကြူးအကြီးအကျယ် ချီးမွမ်းကြသည်။

သူ့အနားမှာရှိတဲ့ ဂုဏ်ယူ​နေသောမျက်နှာများကို ကြည့်လိုက်ရင်း ရှဲ့လွမ်သည် သူ့မျက်နှာပေါ်ရှိ အပြုံးကို ဖုံးကွယ်ရန် ချောင်းဆိုးလိုက်သည်။

"Tiuh! Tiuh-Tiuh!"

လူတိုင်းရဲ့ ချီးကျူးမှုကို ခံလိုက်ရတော့ သားပေါက်လေး သုံးယောက်က သူတို့ရဲ့ ရင်ဘတ်ကို မြင့်မြင့်​မြှောက်လိုက်ကြသည်။သူတို့၏ အနက်ရောင်မျက်လုံးများသည် ထူးထူးခြားခြား တောက်ပနေပြီး ​သူတို့က ပျော်ရွှင်စွာ အော်ဟစ်လိုက်ကြသည်။

ရှဲ့လွမ်သည် နောက်ပိုင်းတွင် သားပေါက်လေးသုံး​ယောက်စီမှ ဆုတံဆိပ်​လေးများကို ဖယ်ရှားလိုက်သောအခါတွင် သူတို့သည် ၎င်းတို့နှင့်ခွဲခွာရန် အနည်းငယ် တွန့်ဆုတ်နေသေးသည်ကို သူတွေ့လိုက်ရသည် ။

သား​ပေါက်​ပျိုး​ထောင်​ရေးအဖွဲ့အစည်းWhere stories live. Discover now