Chapter 17-သူ့ရင်ခွင်ထဲ

1.8K 342 6
                                    

တစ်လခွဲကျော်ကြာပြီးနောက် ဂါယာ၏မြောက်ပိုင်းဒေသသည် ဆောင်းရာသီကို ချုပ်ကိုင်ထားဆဲဖြစ်ပြီး အပူချိန်သည် လျော့နည်းလာခဲ့သည်။ တချို့နေရာတွေမှာ နှင်းတွေတောင်ကျလာပြီး မြေပြင်ကို အဖြူ​ရောင် ဆိုးလိုက်သည်။

ယွင်ပေါင်​ကျောင်းခွဲသည် အနည်းငယ်သာကောင်းလာပြီး ယခုအချိန်အထိ နှင်းထုမှလွတ်မြောက်နိုင်ခဲ့သော်လည်း အအေးဒဏ်ကိုကျင့်သားမရ​သေးသော ရှဲ့လွမ်အတွက်တော့ အပူချိန်နိမ့်ကျမှုက သူ့ကို တုန်လှုပ်ခြောက်ခြားသွားစေလောက်အောင်ပင်။

ကလပ်အတွင်းရှိ ပါးလွှာသောအဝတ်အစားများ ဝတ်ဆင်ထားသည့် အခြားဝန်ထမ်းများနှင့် နှိုင်းယှဉ်ပါက ရှဲ့လွမ်သည် သူ၏အလွှာများနှင့် ထူထဲသောအဝတ်အစားများသည် အမှန်တကယ် ပေါ်လွင်နေသည်။ ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း အပူချိန်များ ပိုမိုကျဆင်းလာပြီးနောက် အထပ်​​တွေ တိုးလာသော်လည်း ရှဲ့လွမ် ဝတ်သည့်အဝတ်အစားများ မည်မျှပင်ရှိစေကာမူ သူ အပူကို ထိန်းထားနိုင်ခြင်းမရှိပေ။

သူညဘက် အိပ်ရာဝင်ချိန်မှာတော့ သူ့ကိုယ်သူ နွေးနွေးထွေးထွေးခံစားနိုင်ဖို့ သူ့အပူကိုခံစားနိုင်ဖို့ သူ့ခန္ဓာကိုယ်နဲ့ ​နောစ့်သား​ပေါက်အနားကပ်ပြီး မသိစိတ်က​နေ ဆုပ်ကိုင်ထားမိသည်။

"အာ့လွမ်၊ မင်းတကယ်​​ အဲ့​လောက်​တောင်အေးနေတာလား" ​ကျောင်းခွဲမှာရှိတဲ့ လူတိုင်းသည် ဤအပူချိန်ကြောင့် အနှောက်အယှက်မဖြစ်ခဲ့ဘဲ ၎င်းကို အေးသည်ဟု သေချာပေါက် မပြောနိုင်ပေ။ ထို့ကြောင့် လွန်ခဲ့သည့်ရက်​တွေက သူ့ကိုယ်သူ ပိုပြီး တင်းတင်းကျပ်ကျပ်ထုတ်ပိုးထားပြီး မကြာခဏ တုန်ခါနေသည့် လူသားလူငယ်​လေး၏ အပြုအမူကို သတိပြုပြီးနောက် ရှချီ မ​နေနိုင်ပဲ သိချင်စွာ ​မေးလိုက်သည်။။

သူမမေးခွန်းကိုကြားတော့ အနီးနားတွင် အလုပ်ရှုပ်နေသော လူအနည်းငယ်က သူတို့၏ လုပ်ရပ်ကို ရပ်လိုက်ပြီး ရှဲ့လွမ်ကို ကြည့်လိုက်ရာ အားလုံးက အတူတူပင် အံ့သြသွားကြသည်။

သား​ပေါက်​ပျိုး​ထောင်​ရေးအဖွဲ့အစည်းDonde viven las historias. Descúbrelo ahora