Chapter 51-သူတို့ အ​မေနဲ့ အ​ဖေလိုလို့လား?

1.3K 234 2
                                    

လူငယ်​လေးဝတ်ပေးသော တောက်ပပြီး ကြည်လင်​နေသော ဆွဲသီးသည် ရေသူသား​ပေါက်လေး၏ အရေပြား​ပေါ်တွင် ညင်သာစွာ နား​နေခဲ့သည်။၎င်း၏ အေးမြသော အထိအတွေ့သည် ရှဲ့လွမ်၏ ရင်ခွင်ထဲတွင် ခိုနေသော ကလေးသည် အဲ့ဒါကို အလွန်နှစ်သက်စေခဲ့သည်။

ခံစားချက်က ပင်လယ်ကို ထိ​နေသလိုမျိုးဖြစ်ပြီး ရေသူမျိုးနွယ်တွေဟာ သဘာဝအတိုင်း ​ရေကို ချစ်မြတ်နိုးကြသည်။

ရှဲ့​လွမ်သည် သင်္ချိုင်းနှစ်ခုရှေ့တွင် ခဏရပ်လိုက်သည်။ခုနက သူပြောခဲ့တဲ့စကားကြောင့် သူကိုင်ထားတဲ့ ရေသူသား​ပေါက်လေးက သူ့ရှေ့က သင်္ချိုင်းတွေမှာ မြှုပ်ထားတဲ့ ပုံနှစ်ပုံကို ကြည့်နေသည်။

ကျောက်တုံး​တွေက စကားမပြောနိုင် ဒါမှမဟုတ် မလှုပ်ရှားနိုင်ပါဘူး ၎င်းတို့တွင် တိတ်တဆိတ် ဓာတ်ပုံများသာ မြှုပ်နှံထားသည်။

ထိုဓာတ်ပုံများကိုကြည့်ရင်း ရှဲ့လွမ်ရင်ခွင်ထဲတွင် ခိုနေသော ရေသူသား​ပေါက်လေးသည် အလိုလို ပွေ့ဖက်လိုက်ကာ လူငယ်​လေး၏ ရင်ခွင်ထဲသို့ တိုးဝင်လာသည်။

ထို​ဖြောင့်တန်း​နေတဲ့ ​ကျောက်တုံး​တွေက ဘာတွေလဲဆိုတာကို သူမသိသော်လည်း ရေသူသား​ပေါက်လေးသည် သူ့အား ကိုင်ထားသည့် လူငယ်​လေးအပေါ်တွင် သူ့အလိုလို မှီခိုမှု့ကို ​ဖော်ပြချင်ပြီး တစ်ချိန်တည်းမှာပင် သူ့ထံမှ လုံခြုံမှုကို ရယူလိုသည် ။

"Galeက လိမ်မာပါတယ်။"

သား​ပေါက်​လေး၏ မှီခိုအားထားမှုကို တုံ့ပြန်သည့်အ​နေဖြင့် ရှဲ့လွမ်သည် ရေသူသား​ပေါက်လေးကို နီးကပ်စွာ ပွေ့ဖက်လိုက်သည်။

ရှဲ့လွမ်အံ့အားသင့်သွားတာက ​​နောစ့်က သူ့​ခေါင်းကိုအနည်းငယ်ငုံ့လိုက်သည်ကို တွေ့လိုက်ရသည်။အဲ့ဒါကရည်ရွယ်ချက်ရှိရှိလား မရှိတာလား မသိသော်လည်း ဘယ်ဘက်ရှိ ဦးချိုလေးသည် ရေသူသား​ပေါက်လေး၏လက်နှင့် နီးကပ်လာသည်။

ရှဲ့လွမ်သည် သူ့လက်ထဲတွင် ခိုဝင်​နေသော ရေသူသား​ပေါက်လေးသည် လက်ဆန့်ထုတ်လိုက်ပြီး ​နောစ့်၏ဦးချိုကို ဆုတ်ကိုင်လိုက်သည်ကို ကြည့်နေလိုက်သည်။သား​ပေါက်​လေးက အဲ့ဒါကို အောင်မြင်စွာ ဆုပ်ကိုင်ပြီးနောက် ရှဲ့လွမ်သည် သားပေါက်​လေး၏ ခေါင်းကို ထပ်မံထိလိုက်ပြီးနောက် မကြာခင်ပင် သားပေါက်​လေး၏အမြီးသည် ညင်သာစွာ အပြန်ပြန် အလှန်လှန် လှုပ်ယမ်းသွားပြန်သည်။

သား​ပေါက်​ပျိုး​ထောင်​ရေးအဖွဲ့အစည်းOpowieści tętniące życiem. Odkryj je teraz