Chapter 40.2-ကြိုတင်ပြင်ဆင်မှု့

1.5K 303 4
                                    

"လိမ်မာပါတယ် မငိုပါနဲ့ Gale။"

ရှဲ့လွမ်သည် သူ့လက်ထဲက ရေသူသား​ပေါက်လေး၏ ​ရေခဲပြာရောင်အမြီးကို ထိလိုက်ကာ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး သူ့ကို နှစ်သိမ့်ရန် မသိစိတ်က ဟိုဘက်ဒီဘက်ကို အနည်းငယ် ရွေ့လျားလိုက်သည်။ကလေးဆုပ်ကိုင်ထားသော ရှပ်အင်္ကျီကော်လာသည် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ခံထားရသောကြောင့် ရှုံ့တွနေပြီဖြစ်သော်လည်း ရှဲ့လွမ်က အဲ့ဒါကို လုံးဝဂရုမစိုက်​ပေ။

လူ​ငယ်​လေး ထိ​တွေ့တာခံလိုက်ရ​​သော ရေသူသား​ပေါက်လေးသည် သူ့အမြီးကို ဖြည်းဖြည်း​လေး လွဲလိုက်သည်။သူက လူငယ်​လေး၏အဝတ်အစားများကို လွှတ်​ပေးရန် ငြင်းဆန်​နေသေးသော်လည်း မျက်ရည်များ မကျ​​တော့​ပေ။

သူ့ရဲ့ စိုစွတ်နေသေးတဲ့ အပြာရောင်မျက်လုံးတွေက လူငယ်​​လေးရဲ့မျက်နှာပေါ်ကို စိုက်ကြည့်နေသည်။သား​ပေါက်လေးက ရုတ်တရက် သူ့ခေါင်းကို လူငယ်​​လေးရဲ့ရင်ဘတ်မှာ မြှုပ်ထားလိုက်ပြီး သူ့ကို အနီးကပ် မ​ပွေ့ဖက်ခင် ပွတ်သပ်လိုက်ပြီး သူ့လက်မောင်းသေးသေးလေးက ကျယ်​ပြော​​သော ရင်ဘတ်တဝိုက်ကို ရောက်ဖို့ ကြိုးစားလိုက်သည်။ပထမအကြိမ်အဖြစ် ရင်ဘတ်တစ်ဖက်စီရှိ အဝတ်များကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ရန် သူ့လက်များကို ခေတ္တမျှ လွှတ်ထားလိုက်သည်။

လူငယ်​​လေးသည် သူ့ကို အမှန်တကယ် အ​ဝေးကိုမပေးချင်ကြောင်း အာမခံထားသောကြောင့် ရေသူသား​ပေါက်လေးသည် လုံခြုံမှုကို ခံစားခဲ့ရပြီး ကောင်း​ကောင်းမွန်မွန် ပြုမှုလာခဲ့သည်။

သား​ပေါက်လေးက ရုတ်တရက် အရမ်းငြိမ်သွားခဲ့သည်။သူက ​ငို​ကြွေးတာ သို့မဟုတ် လှည့်ပတ်တာမျိုး မပြုလုပ်ဘဲ လူငယ်​​လေး၏ ရင်ခွင်ထဲတွင် နာခံမှုရှိစွာဖြင့် တွယ်ကပ်နေခဲ့သည်။သူက သူ့အမြီး၏ အဆုံးက ဆူးတောင်ငယ်​လေးကို မြှောက်လိုက်ပြီး ရှဲ့လွမ်၏ကိုယ်ပေါ်ကို ညင်သာစွာ ပုတ်လိုက်သည်။

ဆူးတောင်ကို ညင်သာစွာ ပုတ်လိုက်ခြင်းသည် သံသယမရှိစွာပဲ သား​ပေါက်လေး၏ မိဘများ၏အာရုံစိုက်မှုကို ဆွဲဆောင်​သော နည်းလမ်းတစ်ခုဖြစ်သည်။

သား​ပေါက်​ပျိုး​ထောင်​ရေးအဖွဲ့အစည်းWhere stories live. Discover now