Chapter 58

889 130 2
                                    

Chapter 58-​တောင်းဆိုမှု့ တစ်ခု။

သူတို့ အမှတ်ဘယ်​လောက်ရနိုင်မလဲဆိုတာကို သူမ မသိပေ။သူတို့သည် ကြီးမားသော​ဘောနပ်စ့်များ ရရှိခဲ့သော်လည်း ရှချီသည် သူတို့၏ကလပ်သည် ကြယ်တာရာမဟာမိတ်အဖွဲ့၏ ထူးချွန်သော ​စောင့်​ရှောက်​ရေးကလပ်များစာရင်းတွင် ပါဝင်လိမ့်မည်ဟု မယူဆဝံ့ပေ။

ကြယ်တာရာကြားတွင် ​စောင့်​ရှောက်​ရေးကလပ်များစွာရှိသည်။စာရင်းဝင်နိုင်ရန် အနည်းငယ် ခက်ခဲရုံမျှမကတာ သိသာထင်ရှားသည်။ကလပ်များစွာအတွက် ၎င်းသည် မလုပ်​ဆောင်နိုင်သော စွမ်းဆောင်မှုတစ်ခုကဲ့သို့ ထင်ရသည်။

ဒီစာရင်းရဲ့ အောက်ဆုံးအသင်းတစ်သင်းဖြစ်ခဲ့ရင်တောင်မှ အတွေ့အကြုံနှစ်ပေါင်းများစွာနဲ့ ခွန်အားများစွာရှိတဲ့ ကောင်းမွန်တဲ့အသင်းတစ်သင်းဖြစ်နေဆဲဖြစ်သည်။

"စိတ်လျှော့ပြီး ရလဒ်ကို စောင့်ကြရအောင်။ကြယ်တာရာမဟာမိတ်အဖွဲ့က လာမဲ့လကုန်မှာ အကဲဖြတ်ရမှတ်​တွေကို ထုတ်ပြန်မှာပဲ။"

သေချာပါတယ် သူမ မ​နေနိုင်ဘဲ စောင့်မျှော်နေခဲ့ဖြစ်သည်။သို့သော် ရှချီသည် သူမ၏မျှော်လင့်ချက်များကို ခပ်နိမ့်နိမ့်ပဲထား​အောင် ပြုလုပ်ထားပြီး ထိုအခိုက်အတန့်ရောက်လာသောအခါ သူမသည် အလွန်စိတ်ပျက်မိမည်မဟုတ်ပေ။

တကယ်တော့ သူမဟာ အစပိုင်းမှာ မျှော်လင့်ထားတဲ့အတိုင်း ထိပ်ဆုံးတစ်သောင်းကို ရောက်ရင်​တောင် တော်တော်​လေး ကောင်းမွန်ပါသည်။

တကယ်တော့ သူတို့ကလပ်ရဲ့ တကယ့် ဖွံ့ဖြိုးတိုးတက်မှုက အချိန်တိုလေးပဲ ရှိပါသေးသည်။နှစ်ပေါင်းများစွာ ဖွံ့ဖြိုးတိုးတက်လာခဲ့တဲ့ ကလပ်တွေနဲ့ နှိုင်းယှဉ်ရင် ကဏ္ဍပေါင်းစုံမှာ အားနည်းချက်တွေ အများကြီးရှိ​နေ​သေးသည်။အဲ့ဒါကို အရှိကိုအရှိတိုင်း လက်ခံရမည်။

သို့သော် နောက်ဆုံးတွင် သူတို့ကလပ်၏ တိုက်ခိုက်ရေးနည်းပြသည် ယခုအခါ ရုတ်တရက် ကြယ်တာရာမဟာမိတ်အဖွဲ့၏ စစ်ဗိုလ်ချုပ်ဟောင်း ဖြစ်​နေပြီး ရှချီ၏ အကဲဖြတ်မှုရလဒ် ခန့်မှန်းချက်ကိုရှုပ်​ထွေးသွားသည်။

သား​ပေါက်​ပျိုး​ထောင်​ရေးအဖွဲ့အစည်းWhere stories live. Discover now