ရေကူးကန်ကို အတွင်းတွင်တည်ဆောက်ထားပြီး တခြားသားပေါက်လေးများရှိသည့်နေရာနှင့် အတော်လေးနီးကပ်သော်လည်း သားပေါက်အများစုမှာ ရေမကူးတတ်ပေ။ရေကူးတတ်သူတွေက ရေကူးကန်မှာ ဆော့ဖို့ အစပြုဖို့ဆိုတာ ကြုံတောင့်ကြုံခဲဖြစ်သည်။
နောက်ဆုံးတွင် ထိုသားပေါက်များသည် အခြေခံအားဖြင့် အမွှေးများဖြင့်ပြုလုပ်ထားပြီး အမွှေးများသည် ရေနှင့်ထိတွေ့ပြီးသည်နှင့် စိုစွတ်လာပြီး လေးလံလာမည်ဖြစ်သည်။
နောက်ပိုင်း သူတို့ထွက်လာတဲ့အခါ သူတို့အတတ်နိုင်ဆုံး ရေကိုဖယ်ထုတ်ဖို့ အများကြီး အားထုတ်ရပြီး သူတို့ရဲ့ သားမွေးတွေ တဖြည်းဖြည်း ခြောက်လာဖို့ စောင့်ရသည်။
တကယ်တော့ ရှဲ့လွမ်က ရေကန်ထဲကနေ စိုစွတ်နေတဲ့သားပေါက်က တွားသွားထွက်လာတာကို မြင်တဲ့အခါမှာ သေချာပေါက် သူသားပေါက်ကို သူ့အလိုလို ခြောက်သွားအောင် ပစ်ထားမှာမဟုတ်ပါဘူး ။သူမျက်နှာသုတ်ပုဝါကြီးကိုကိုင်ပြီး သားပေါက်ကို ပတ်ထားပေးပြီး သူ့သားမွေးတွေကို ဖြည်းညှင်းစွာ သုတ်ပေးရင်း သားပေါက်ကိုကိုင်ထားပြီး သူ့လက်နှစ်ဖက်နဲ့ သူတို့ကိုချီထားမှာဖြစ်သည်။
သားပေါက်၏ခန္ဓာကိုယ်က အတော်လေးခြောက်သွေ့သွားပြီးနောက်၊ ထို့နောက် သူလေမှုတ်စက်နဲ့ ဆင်တူတဲ့ တစ်စုံတစ်ခုကိုသုံးပြီး သားပေါက်၏အမွေးတွေကို လေမှုတ်ပြီး နောက်ထပ် ခြောက်အောင်လုပ်ပေးမှာဖြစ်သည်။
လုပ်ငန်းစဉ်တစ်ခုလုံးသည် အချိန်အများကြီးမကြာပေ။
သူတို့ကို သူလက်ဖြင့် ခြောက်အောင်လုပ်ပေးရသည့် အကြောင်းရင်းမှာ သူတို့ကလပ်မှာ ရေကူးကန်ဘေးတွင် အခြောက်ခံအခန်းငယ်တစ်ခု မတည်ဆောက်ရသေးသောကြောင့်ဖြစ်သည်။ ဒါပေမယ့် ရှဲ့လွမ်က ဒါကို စိတ်ထဲမထားခဲ့ပါဘူး။သူတို့ကို ခြောက်အောင်လုပ်ပေးတာက အလုပ်အများကြီးမဟုတ်သလို တစ်ပတ်ကို တစ်ကြိမ်၊ နှစ်ကြိမ်လောက်သာဖြစ်ပြီး မကြာခဏ လုပ်စရာမလိုပါဘူး။
VOCÊ ESTÁ LENDO
သားပေါက်ပျိုးထောင်ရေးအဖွဲ့အစည်း
FantasiaTitle -Cub Raising Association Type -Web Novel(CN) Genre -Fanstry,Romance,Sci-fi,Shounen Ai,Slice of Life Author-jiuyi 酒矣 Status in COO-130Chapters(Complete) Eng Tran-Leo Translations This isn't my story.Credit to original author a...