Chapter 40.1-သင့်​လျော်တဲ့ ပြင်ဆင်မှု့

1.3K 307 2
                                    

သား​ပေါက်​လေး၏အသံသည် ငိုသံကဲ့သို့ပင်ဖြစ်သည်။

ရေသူသားပေါက်လေးက အသံထွက်ဖို့ ပြင်းပြင်းထန်ထန် ကြိုးစားနေတာကြောင့် သားပေါက်​လေးရဲ့ အသံဟာ နောက်ဆုံးမှာ တားဆီးထားတဲ့ အတားအဆီးတစ်မျိုးကို ဖြတ်ကျော်သွားပုံရပြီး အခုအချိန်မှာတော့ သူကစကားလုံးကို အမှန်တကယ် အသံထွက်နိုင်ခဲ့သည်။

သူ့အသံကိုကြားတော့ ရှဲ့လွမ်နှင့်ဇာရက်ဒ် နှစ်ယောက်လုံး အံ့ဩသွားကြသည်။

သူ့စိတ်က တစ်စက္ကန့်လောက် ဗလာဖြစ်နေသော်လည်း ရှဲ့လွမ်သည် ပထမဆုံးတုံ့ပြန်လိုက်ဖြစ်သည်။ သို့သော် ထိုင်ချလိုက်ကာ လက်ကို အနည်းငယ် ဆန့်ထုတ်ပြီးနောက် ရှဲ့လွမ်သည် ရှားရှားပါးပါး တုံ့ဆိုင်းမှု အရိပ်​အ​ယောင်ကိုပြသခဲ့သည်။သူ့ဘောင်းဘီကို ဆွဲကိုင်ပြီး "ပါးပါး"ဆိုပြီး ​အော်ငိုနေတဲ့ ရေသူသား​ပေါက်လေးကို ဘယ်လိုနှစ်သိမ့်ရမလဲ မသိ​တော့​ပေ။

လူငယ်လေးက ငုတ်တုတ်ထိုင်ချလိုက်သောအခါတွင် ရေသူသား​ပေါက်လေးသည် ဘောင်းဘီရှည်၏ ခြေထောက်ကို ကိုင်ထားရာမှရွေ့သွားပြီး သူ့လက်များကို ထပ်မံဆန့်ထုတ်လိုက်ပြီး ရှဲ့လွမ်၏ ဒူးများကို ဆုပ်ကိုင်လိုက်သည်။မျက်နှာပြင်အောက်ရှိ ရေခဲပြာ​ရောင်အမြီးသည် ခါတိုင်းထက် ပိုမိုမြန်ဆန်ပြီး ပိုကျယ်စွာ ​ရှေ့​နောက်ယိမ်းနွဲ့နေသည်။မည်သူမဆို ကလေး၏ စိတ်ခံစားချက်များကို အလွယ်တကူ ဖတ်ရှုနိုင်မည်ဖြစ်သည်။

လူငယ်​​လေး၏ ဒူးပေါ်တွင် သေးငယ်သော လက်နှစ်ချောင်းကို တင်ထားသဖြင့် ရေသူသားပေါက်လေးသည် ကမ်းပေါ်တက်ရန် အပြင်းအထန် ကြိုးစားနေဟန်တူပြီး သူ့အပေါ်ပိုင်းကို မြှင့်တင်ရန် သူ့ခွန်အားရှိသမျှကို အသုံးပြုခဲ့သည်။

"ပါးပါး-!"သား​ပေါက်လေးက သူလုပ်လိုက်တဲ့ အသံတွေကို သတိမထားမိပါဘူး။သူစဉ်းစားနိုင်သည့် တစ်ခုတည်းသောအရာမှာ​ လူငယ်​လေးနှင့်နီးကပ်ရန်သာဖြစ်ပြီး အသံများနှင့် အပြုအမူများဖြင့် သူ့အာရုံကို မသိလိုက်ပဲ ဆွဲဆောင်ရန် ကြိုးစားနေသည်။

သား​ပေါက်​ပျိုး​ထောင်​ရေးအဖွဲ့အစည်းWhere stories live. Discover now