ငှက်ကြီးက သူ့သားပေါက်လေးနှင့်အတူ ပျံသန်းနေသည်။ရှဲ့လွမ် သူတို့တွေဟိုးအမြင့်ကြီးမှာ ပျံဝဲနေတာကို သူ့မျက်လုံးတွေနဲ့လိုက်ကြည့်လိုက်ပြီး ခဏအကြာတွင် ခေါင်းငုံ့လိုက်ကာ သူ့လက်ထဲရှိ နူးညံသောသားပေါက်လေးများ၏ နောက်ကျောမှ အမွေးတောင်များကို ထိလိုက်သည်။
"Tiuh-tiuh."
သူတို့၏နှလုံးသားထဲမှာ တောင့်တမှုများနဲ့ ပြည့်နှက်နေပြီး သူတို့ကအလွန်မနာလိုကြသော်လည်း သားပေါက်လေးများသည် ရှဲ့လွမ်၏လက်မောင်းထဲတွင်နာခံစွာနေနေပြီး ကောင်းကင်ကို မော့ကြည့်နေကြသည်။ သူတို့နောက်ကျောက အမွေးတွေထိနေတာကို ခံစားလိုက်ရတဲ့အခါ သူတို့ကအော်ဟစ်ပြီး သူ့ရှပ်အင်္ကျီထဲကိုမတိုးဝှေ့ခင် ရှဲ့လွမ်ကို မော့ကြည့်ဖို့ ခေါင်းကို လှည့်လိုက်သည်။
အဝါရောင်အမွေးအတောင်များရှိသော ကူဝေသားပေါက်လေးကို ရာဝီ(Rawei) ဟုခေါ်ပြီး မီးခိုးရောင်ကော့တိုသားပေါက်လေးကို လိဒ်စ့်(Leeds)ဟုခေါ်သည်။ ရှဲ့လွမ်သည် နူးညံသော သားပေါက်လေးနှစ်ကောင်ကို ခဏကြာအောင် တိတ်တဆိတ် လှမ်းကြည့်ပြီး "နောက်မှ မင်းတိုွနဲ့အတူတူ ပျံသန်းရမလား။" လို့ ပြောလိုက်သည်။
ဤစာကြောင်းကို သူပြောပြီးသောအခါ ရှဲ့လွမ် ကူတီသားပေါက်အဖေကဲ့သို့ လူသားတစ်ဦးအနေနှင့် သူတို့နှင့်အတူ ဘယ်လို ပျံသန်းရမလဲဆိုတာကို မစဥ်းစားတော့ပါဘူး။သူ အဲ့ဒါကို ရိုးရိုးရှင်းရှင်းပဲ အရင်မေးလိုက်သည်။
"Tiuh! Tiuh! Tiuh!"
လူငယ်လေးက ဒီလိုပြောပြီးတာနဲ့ နူးညံတဲ့သားပေါက်လေးနှစ်ကောင်က ချက်ချင်းခေါင်းမော့လိုက်ပြီး စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ပြီး သူတို့က အရမ်းပျော်နေပုံရသည်။
တက်ကြွလှုပ်ရှားနေသော သားပေါက်လေးနှစ်ကောင်၏ ပျော့ပျောင်းသောရင်ဘတ်နှင့် ဝမ်းဗိုက်များကို အသာလေး ပွတ်သပ်ရင်း ရှဲ့လွမ်သည် ဒီကိစ္စကို စိတ်ဖြင့် မှတ်သားလိုက်ပြီး မည်သို့လုပ်ရမည်ကို စတင်တွေးတောနေခဲ့သည်။
YOU ARE READING
သားပေါက်ပျိုးထောင်ရေးအဖွဲ့အစည်း
FantasyTitle -Cub Raising Association Type -Web Novel(CN) Genre -Fanstry,Romance,Sci-fi,Shounen Ai,Slice of Life Author-jiuyi 酒矣 Status in COO-130Chapters(Complete) Eng Tran-Leo Translations This isn't my story.Credit to original author a...