Chapter 4-အဲ့ဒါတကီလာသား​ပေါက်လုံးဝမဖြစ်နိုင်ဘူး အတုကြီး!!!

2.1K 384 6
                                    


သူ့အခန်းအသစ်ကိုသန့်ရှင်းပြီးသွားတဲ့အခါမှာ​တော့ ရှဲလွမ်စပြီး​တော့အလုပ်လုပ်​ပါတော့သည်.သူအပါအဝင် ကလပ်မှာက​လေးထိန်း၄​ယောက်ပဲရှိတဲ့အတွက် ဝန်ထမ်းအင်အားက​သေချာ​ပေါက်မလုံ​လောက်ဘူး.

အခုကသား​ပေါက်​တွေကိုအစာ​ကျွေးရမဲ့အချိန်ပဲ.

ရှဲ့လွမ်တခြားမျိုးနွယ်ကသား​ပေါက်​​လေးတွေကဘယ်လိုပုံစံလဲဆိုတာကို ​​​သိချင်မိသည် သား​ပေါက်​တွေကိုအစာ​ကျွေး​နေရာကိုဝင်သွားတဲ့အချိန်မှာပဲ နူးညံ့တဲ့အ​​မွေးလုံး​​သေး​သေး​လေး​ အဖွဲ့ကိုမြင်လိုက်ရသည်.

သူတို့ထဲက၂​ယောက်ကပဲ အ​မွေးလုံး​လေးမဟုတ်တာ သူဝင်လာတဲ့အချိန်မှာအနား​ကပ်လာတဲ့ မူခသား​ပေါက်ရယ် ​ရေ​တွေပြည့်​နေတဲ့သစ်သားပုံးထဲမှာရှိတဲ့​ရေသူသား​ပေါက်​လေးရယ်.

​ရေသူတစ်​ယောက် ပထမဆုံးအကြိမ်အ​နေနဲ့ သူဒီသတ္တဝါမြင်ဖူးတာပဲ သူလာခဲ့တဲ့​နေရာမှာဆို ပုံပြင်​တွေစိတ်ကူး​တွေမှာပဲတည်ရှိတာ.သူမထိန်းနိုင်ပဲ ​နောက်တစ်ခါထပ်ကြည့်လိုက်သည်.

သူ့မှာငါးမြီးရှိပြီး​တော့ ​ရေသူသား​ပေါက်​လေးရဲ့ အ​ပေါ်ပိုင်းက ၂နှစ်သား​လောက်ရှိတဲ့ လူသားက​လေးအရွယ်နဲ့တူသည်.​ရေသူ​တွေအားလုံးမှာ သူတို့လူမျိုးရဲ့ပုံစံမှာ​ကောင်းကျိုး​တွေရှိတယ်ထင်သည် ဘာလို့လဲဆို​တော့သား​ပေါက်​လေးကအရမ်းကိုလှပပြီး သူတို့ရဲ့လိင်ကိုခွဲခြားဖို့ခက်သည်.​ရေသူ​လေးရဲ့မျက်နှာ​ပေါ်မှာဘာအမူရာမှမရှိပဲနဲ့ အရမ်းကိုတိတ်ဆိတ်​နေသည်.

စိုက်ကြည့်​နေတာကို ခံစားရလို့လားမသိဘူး ​ရေသူသား​ပေါက်​လေးက ဒီဘက်ကိုကြည့်လာသည် သူသား​ပေါက်​လေးရဲ့ အပြာ​ရောင်မျက်လုံး​လေး​တွေနဲ့ဆုံတဲ့အခါမှာတုန့်ပြန်လိုက်ပြီး ရှဲ့လွမ်အရင်တုန်းကနှုတ်ဆက်ထားတဲ့လုပ်ဖက်ကိုင်ဖက်ဘက်ကိုလှည့်လိုက်သည်.

"ဒီသား​ပေါက်က ဒီသစ်သားပုံးထဲမှာပဲ​နေရတာလား?ငါတို့​ကျောင်းခွဲမှာ​ရေကူးကန်မရှိဘူးလား?"ရှဲလွမ်လမ်းလျှောက်သွား​နေရင်း ​မေးလိုက်​သည်.

သား​ပေါက်​ပျိုး​ထောင်​ရေးအဖွဲ့အစည်းDonde viven las historias. Descúbrelo ahora