Chapter 21- ပွေ့ဖက်မှု့မှာ အနားယူခြင်း

1.7K 318 9
                                    

​​အော့တဲ နှင့် ဂါယာအကြားတွင် နေ့စဉ် ကြယ်သင်္ဘောပျံသန်းမှု ခရီးစဉ်များ ရှိသော်လည်း ​နေ့တိုင်းအသုံးပြုသည့် သင်္ဘောသည် နောက်ဆုံးပေါ် စီးပွားရေးကြယ်သင်္ဘော ​မော်ဒယ်မဟုတ်​ပေ။

အကယ်လို့ သင်က ပုံမှန်ကြယ်သင်္ဘောတစ်စီးကို စီးခဲ့မယ်ဆိုရင် ဂါယာမှ ​အော့တဲသို့ပြန်ရန် တစ်နေကုန်ကြာမြင့်မည်ဖြစ်သော်လည်း မော်ဒယ်အသစ်ဖြင့်ဆိုလျှင် အဲ့အချိန်ရဲ့တစ်ဝက်ခန့်သာ ကြာမြင့်မည်ဖြစ်သည်။

သူမသား​ပေါက်စီ အလည်လာပြီးနောက် ဖုယာသည် ဂါယာတွင် နောက်ထပ်တစ်ရက်ထပ်နေခဲ့သည်။

ဝန်ထမ်းများကို အနှောင့်အယှက်ဖြစ်စေမည့် နေ့စဉ်လည်ပတ်မှုများကို ရှောင်ရှားရန်အတွက် ​စောင့်​ရှောက်​ရေးကလပ်များသည် ပိတ်ရက်တွင်သာ သားပေါက်လေးများထံ လာရောက်လည်ပတ်ရန် မိဘများကို ယေဘုယျအားဖြင့် အားပေးကြသည်။ ကလပ်အနီးတွင်နေထိုင်သော မိဘများသည်လည်း သူတို့၏ သားပေါက်များကို လာ​ခေါ်နိုင်ပြီး အဲ့အပတ်အပြီးတွင် ပြန်​ခေါ်လာနိုင်သည်။

အလည်အပတ်များအပြင် မိဘများသည် ပိတ်ရက်တွင်စပြီး သုံးဖက်မြင်ပုံရိပ်ဖြင့်ဆက်သွယ်နိုင်ပြီး ​အဝေးမှာနေထိုင်ပြီး မလည်ပတ်နိုင်တဲ့သူတွေအတွက် အရမ်းအဆင်ပြေပေမယ့် သူတို့ရဲ့ကလေး​တွေ ဘယ်လိုနေလဲဆိုတာကို သိချင်နေတုန်းပါပဲ။

ဖုယာသည် လွန်ခဲ့သည့်လများအတွင်း သုံးဖက်မြင်ဆက်သွယ်ရေးကို အသုံးမပြုခဲ့ဘဲ သူမ၏သားလေး ဘယ်လို​​နေလဲဆိုတာကို သိရှိရန် ယွင်ပေါင်​ကျောင်းခွဲကို အီးမေးလ်ဖြင့်သာ ဆက်သွယ်ခဲ့သည်။ အဲ့ဒါအတွက်အကြောင်းရင်းက​တော့ အဲဒီအချိန်မှာ သူမ ကလေးရဲ့ စိတ်ပျက်အားငယ်စွာ ငို​ကြွေး​နေတာကို ကြားလိုက်ရရင် ဂါယာဆီကို ချက်ချင်းသွားကာ သူ့ကိုအိမ်ပြန်​ခေါ်သွားမိမှာကို ကြောက်တာကြောင့် အဲဒီအချိန်က သူမ သုံးဖက်မြင်ဆက်သွယ်ရေးကို မသုံးချင်ခဲ့ပါဘူး။

သို့သော် နောက်ဆုံးတွင် သူမသည် ဂါယာသို့သွားခဲ့တဲ့အခါမှာ သူမ ကြီးမားသော အံ့အားသင့်မှုတစ်ခုကို ရရှိခဲ့သည်။

သား​ပေါက်​ပျိုး​ထောင်​ရေးအဖွဲ့အစည်းDonde viven las historias. Descúbrelo ahora