Chapter 35.2-သူ့ခါးမှာ ရစ်ပတ်ထားတာက...

1.5K 331 6
                                    

သားပေါက်လေးနှစ်ကောင်ကို သူ့လက်ထဲတွင်ကိုင်လျက် ရှဲ့လွမ်သည် ရေအစပ်နားသို့ လျှောက်သွားလိုက်ပြီး သားပေါက်များကို ရေတိမ်သည့်​နေရာတွင် ညင်သာစွာ ထားလိုက်သည်။

သဘာဝပတ်ဝန်းကျင် သရုပ်ဖော်စက်ဖြင့် ဖန်တီးထားသည့် သမုဒ္ဒရာပတ်ဝန်းကျင်တစ်ခုမျှသာဖြစ်သော်လည်း ရေသူသား​ပေါက်လေးသည် အဲ့ဒါကိုကြည့်သောအခါ သူ့အမြီးကို ဖြည်းညင်းစွာ မလှုပ်ယမ်းပဲ မ​နေနိုင်ခဲ့ပေ။

"Ah~"

ရေသူသား​ပေါက်လေးက ရေကို ငုံ့ကြည့်လိုက်ပြီး လူငယ်​လေးကို ပြန်ကြည့်လိုက်သည်။ သူသည် ရေကိုစူးစမ်းချင်သော်လည်း ကမ်းစပ်တွင်ရပ်နေသော လူငယ်​လေးကို မထားခဲ့ချင်ပေ။ နောက်ဆုံးတွင် ရေသူသား​ပေါက်လေးသည် အနက်ရှိုင်းဆုံးနေရာသို့ မကူးခတ်ဘဲ အနီးအနားတွင် ​နေ​နေကာ ပြင်းထန်ပြီး ကြည်လင်သော အသံဖြင့် လူငယ်အား ခေါ်ထုတ်ရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။

"Gale၊ သွားပျော်လိုက်ပါ။" ရှဲ့လွမ်က ဒီလိုပြောပြီးနောက်မှာ သူအဲဒီမှာပဲနေပြီးတော့ စောင့်ကြည့်နေမယ်ဆိုတာ ရှင်းရှင်းလင်းလင်းပြောဖို့ မတ်တပ်ရပ်လိုက်သည်။

သူ့စကားကိုကြားပြီး သူ မလှုပ်မရပ်ရပ်နေတာကို မြင်လိုက်ရတော့ သား​ပေါက်လေးဟာ အသစ်အဆန်း ခံစားမှုနဲ့ ပင်လယ်ရဲ့ အနက်ထဲကို ကူးခတ်နိုင်လောက်အောင် စိတ်ချလက်ချဖြစ်သည်ဟု ခံစားခဲ့ရသည်။

အခြားသားပေါက်ကလေးများအတွက်၊ ဤသည်မှာ သမုဒ္ဒရာကို ပထမဆုံးအကြိမ်တွေ့မြင်ခြင်းဖြစ်ပြီး ၎င်းတို့သည် စူးစမ်းချင်စိတ်နှင့် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသော ရေသူသား​ပေါက်လေးကဲ့သို့ပင်၊ အများစုမှာ ရေကစားရန် ကြိုးစားကြသည်။

လင်းရီသည် နံနက်စောစောတွင် ရိုက်ကူးရေးကိရိယာများအားလုံးကို ပြင်ဆင်ခဲ့ပြီး ယခု ပုံဖော်ထားသည့် သမုဒ္ဒရာဧရိယာတွင် ကင်မရာကို ရိုက်ကူးခဲ့လိုက်သည်။ဒါက အရင်က ဝန်ထမ်းတွေ ဆွေးနွေးပြီး ဆုံးဖြတ်ခဲ့တာ ဖြစ်သည်။

သား​ပေါက်​ပျိုး​ထောင်​ရေးအဖွဲ့အစည်းWhere stories live. Discover now