Chapter 18-ဘဝသစ် စတင်ခြင်း

1.8K 382 10
                                    

တိကျသေချာသော ပန်းတိုင်တစ်ခုဖြင့် ကူတီသား​ပေါက်လေးသည် သူ၏သန်မာသော အနီရောင်အတောင်ပံများကို ဖြန့်ကာ ခတ်ပစ်လိုက်သည်။သစ်သားမျက်နှာပြင်မှ ထွက်ခွာသွားချိန်တွင် သူ၏ခြေသည်းများက ခြစ်သံအနည်းငယ်ထွက်ကာ ရှေ့သို့ ပျံသွားပြီး ဗီရိုမှ ဘေးကင်းရာသို့ ထွက်ခွာသွားခဲ့သည်။

"Tiuh, tiuh-"

လမ်းလျှောက်လာရင်း၊ ကူဝေနှင့် ကော့တိုသားပေါက်လေးသည် ဘေးချင်းကပ်ရပ်ကာ သူတို့ရဲ့​ခေါင်း​တွေကို​မော့ရင်း ကူတီသား​ပေါက်လေးသည် ဗီရို အ​ပေါ်မှထွက်ခွာကာ ရှဲ့လွမ်ဆီသို့ ပျံသန်းသွားတာကို စောင့်ကြည့်နေခဲ့သည်။ သူတို့ရဲ့ အနက်ရောင်မျက်လုံးနှစ်စုံက အပေါ်ကနေ ပျံတက်သွားတဲ့ သူတို့ရဲ့ အနီရောင်​အ​​မွေးလုံး သူငယ်ချင်းနောက်ကို လိုက်သွားပြီး သူတို့ရဲ့ တောင်ပံတွေကို စိတ်လှုပ်ရှားစွာ လှုပ်လိုက်ပြီး သူ့ကို အော်ဟစ် အားပေးလိုက်ကြသည်။

ကူတီသား​ပေါက်လေး၏ ကြီးမားသော အမွေးများကြောင့်၊ သူ၏ ခန္ဓာကိုယ်သည် အလွန်ဝိုင်းနေပုံရပြီး နှိုင်းယှဉ်ကြည့်လျှင် သူ၏ အတောင်များသည် သူ့ခန္ဓာကိုယ်ထက် များစွာသေးငယ်သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို လေထဲမှာ ထိန်းထားဖို့ ကြိုးစားနေတဲ့ အတောင်ပံသေးသေးလေးတွေကို မြင်လိုက်ရတာက ဟယ်လီကော်ပတာတွေဟာ ဧရာမပန်ကာတွေနဲ့ လည်ပတ်နေတယ်ဆိုတာ သိလိုက်ရသလိုပဲ၊ ချို့ယွင်းသွားရင်တော့ လျှောချတဲ့စွမ်းအားမရှိတော့ဘဲ သူတို့ရဲ့ကံကြမ္မာဆိုးထဲကို ပြုတ်ကျသွားမှာကို သိလိုက်သလိုပဲ... အခြေခံအားဖြင့်၊အဲ့ဒါက စိုးရိမ်စရာတစ်ခုပဲ...

သို့သော် ရှဲ့လွမ် အဲ့အကြောင်းကိုဖတ်ပြီး ငှက်များနှင့်ဆင်တူသည့် ဂြိုလ်သားမျိုးနွယ်အများစုသည် ဒီ သားပေါက်များကဲ့သို့ တူညီသည်ကို တွေ့ရှိခဲ့သည်။သား​ပေါက်ရဲ့ ကြီးမားတဲ့အမွေးအ​တောင်များသည် ဆိုးရွားသည့်အရာမဟုတ်ပဲ ကောင်းသောအရာတစ်ခုဖြစ်သည် အဲ့ဒါက သူ့ခန္ဓာကိုယ်က ကောင်းမွန်စွာဖွံ့ဖြိုးနေပြီး ကျန်းမာကြောင်း ပြသနေသည်။ ထို့အပြင်၊ သားပေါက်အများစုသည် ကူတီသား​ပေါက်ထက် များစွာငယ်သောအရွယ်တွင် ပျံသန်းနည်းကို သင်ယူခဲ့ပြီး သူ၏တည်ဆောက်မှုသည် ပြဿနာမဖြစ်သင့်ပေ။

သား​ပေါက်​ပျိုး​ထောင်​ရေးအဖွဲ့အစည်းWhere stories live. Discover now