Chapter 68.2-​မွေးဖွားခြင်း၏ အဓိပ္ပါယ်

186 45 0
                                    

သူသားပေါက်အသစ်များကို အခြားသားပေါက်လေးများနှင့် မိတ်ဆက်ပေးရန် ဧည့်ခန်းထဲသို့ ခေါ်သွားခဲ့သည်။အဲ့​နောက် ရှဲ့လွမ် ရေကူးကန်ထဲတွင် နေထိုင်သော သားပေါက်လေးနှစ်ကောင်ကို ခေါ်ယူလို​သော​ကြောင့် မိုးလုံလေလုံရေကူးကန်စီသို့သွားခဲ့သည်။

အရင်တုန်းကလိုမဟုတ်​တော့ဘဲ ရေသူသား​ပေါက်လေးက သူရေကူးကန် အနားမ​ရောက်ခင်မှာပင် အစွန်းနားအထိ ​​ရေကူးလာပြီး သူ့ကို အော်​​ခေါ်နေခဲ့သည်။

"ပါးပါး, ပါးပါး~"မိုးပြာ​ရောင်မျက်လုံးများသည် သူလမ်းလျှောက်လာရင်း လူငယ်​လေး​နောက်သို့​လိုက်​နေပြီး ရေသူသား​ပေါက်လေးသည် မျက်နှာပြင်အောက်က​​နေ သူ့အမြီးလေးကို ချက်ချင်း လှုပ်ခတ်လာ​တော့သည်။ သူက အရမ်းပျော်နေပုံ​ပေါ်သည်။

သူ့​ခြေသံကို ကြားလိုက်ရတော့ သူ့မိဘတွေ ပြန်လာပြီဆိုတာကို Galeသိလိုက်သည်။ ရေသူသား​ပေါက်လေးက ရေကန်အောက်ခြေကနေ ချက်ချင်းထွက်လာပြီး အစပ်နားထိ​ ကူးခတ်လာပြီး စောင့်ဆိုင်းနေတယ်။လူငယ်​လေးကို သူမြင်လိုက်သည်နှင့် သူ့အမြီးကို ဖြည်းညှင်းစွာ လှုပ်ခတ်လိုက်သည်။

ရှဲ့လွမ် ရေသူသားပေါက်လေး၏ ရွှေရောင်​ဖျော့​ဖျော့ ဆံပင်တိုကို ပွတ်သပ်​ပေးရန် ထိုင်ချလိုက်သည် ။ရှချီက ကလေးက နေ့တိုင်းရေကူးကန်အစွန်းအထိ ရေကူးလာပြီး တံခါးကို စိုက်ကြည့်​နေတယ်လို့ ပြောခဲ့သည်။သူက သူပြန်လာတာကို စောင့်နေခဲ့တာဖြစ်ရမယ်။

"ကလပ်ထဲမှာ ကလေးအသစ်တွေ အများကြီးရှိတယ် သူတို့နဲ့ တွေ့ဖို့ ခေါ်သွား​ပေးမယ်။"

ရှဲ့လွမ်က နူးညံ့သောအသံဖြင့် ပြောလိုက်သည်။သူ့ဘောင်းဘီရှည်ကို ဖွဖွ​လေး ဆုပ်ကိုင်ထားသော ရေသူသား​ပေါက်လေးအား ပထမဆုံး ကောက်ချီလိုက်ပြီး အဲ့နောက်မှာ လိပ်နှင့်တူသော မိုရီသား​ပေါက်လေးကိုလည်း ကောက်ချီခဲ့သည်။သူတို့မျက်နှာသုတ်ပုဝါနဲ့ ထုပ်ပြီး အခြောက်ခံပြီး ဧည့်ခန်းထဲသို့ အတူသယ်သွားလိုက်သည်။

သား​ပေါက်​ပျိုး​ထောင်​ရေးအဖွဲ့အစည်းOpowieści tętniące życiem. Odkryj je teraz