Chapter 63.1

497 93 1
                                    

Chapter 63.1-လျိုဝှက်ချက်

တောင်ဘေးမှာ ဆောက်ထားတဲ့ ရွာကို ကြီးတယ်လို့​တော့မခေါ်နိုင်ဘူး။နာရီဝက်ခန့် လမ်းလျှောက်ပြီးနောက် ရှဲ့လွမ်နှင့် Dukeသည် ရွာလေးရဲ့ အများစုကို သွားခဲ့သည်။

နောက်ဆုံးအနေနဲ့ တောင်ပြိုကျလို့ ပျက်စီးသွားတဲ့ နေရာကို သူတို့ပြန်​ရောက်သွားကြသည်။ရှဲ့လွမ်ပေါ်လာသည်နှင့် တပြိုင်နက် အရွယ်ရောက်ပြီးသောမူခအများအပြားသည် Duoluoအသီးအနှံများဖြင့် ပြည့်နေသော ပန်းကန်ပြားများ ကိုင်ဆောင်လာကြ သည်။

"ကျွန်တော့်အတွက်...?" သူ့ကိုပြထားသော ပန်းကန်ပြားများစွာကို ကြည့်လိုက်ပြီး ရှဲ့လွမ် အနည်းငယ် တုံ့ဆိုင်းသွားပြီး ထိုမေးခွန်းကို မေးလိုက်သည်။

ဤမုခများသည် ရွာတွင်နေထိုင်သူများဖြစ်ကြောင်း သိသာထင်ရှားသော်လည်း ရှဲ့လွမ်သည် သူတို့အား ဒီနေ့အချိန်အထိ မမြင်ဖူးခဲ့ပေ။ ဒါကြောင့် ဒီမူခများက သူ့ကို Duoluoအသီးအနှံတွေ ပေးရတဲ့အကြောင်းနဲ့ ပတ်သက်ပြီး သူ အတော်လေး ပ​ဟေဋိဖြစ်သွားသည်။

အရွယ်ရောက်ပြီးမူခများနှင့် မူခသားပေါက်များ၏ အသွင်အပြင်မှာမူ များစွာကွာခြားခြင်းမရှိပေ။ ပြင်ပလူများအတွက် တခုထဲ​သော ခြားနားချက်မှာ သူတို့၏ အရွယ်အစားမှာ ထင်ရ​ပေသည်။ ဒါပေမယ့် ရှဲ့လွမ်အတွက်တော့ မဟုတ်ပါဘူး။

ကလေးကြီးထက်နည်းနည်းပိုကြီး​သော အရွယ်ရောက်ပြီး မူခများကိုတွေ့တော့ သူကို ထင်ထင်ရှားရှားခေါင်းညိတ်မပြပဲ သူတို့ရဲ့ ခံယူချက်ကိုပြဖို့ ခပ်နိမ့်နိမ့် တရှုးရှုးအသံများ ပြုလုပ်လိုက်သည်။

အကြောင်းပြချက်ကို သူ မသိသေးသော်လည်း ရှဲ့လွမ်သည် သူတို့၏တုံ့ပြန်မှုကို ကြားပြီးနောက် သူ့ထံသို့ ပေးအပ်ထားသည့် ပစ္စည်းများကို ယူဆောင်လိုက်သေးသည်။ဤမျှလောက်ကို သူ့လက်နှင့်မသယ်နိုင်သောကြောင့် ရှဲ့လွမ်သည် အာကာသခလုတ်ကို နှိပ်လိုက်ပြီး ၎င်းတို့ကို လက်ခံရရှိပြီးနောက် ထိုနေရာတွင် ယာယီထားလိုက်သည်။

သား​ပေါက်​ပျိုး​ထောင်​ရေးအဖွဲ့အစည်းWhere stories live. Discover now