Chapter 71.1-စိတ်ဖိစီးမှု့ တုန့်ပြန်မှု့

261 59 2
                                    

မထင်မှတ်ထားတဲ့အဖြေကိုကြားတော့ ရှဲ့လွမ် ခဏ​လောက် စကားမပြောဘဲ နေလိုက်သည်။ အဓိကအားဖြင့် သား​ပေါက်လေး၏တုံ့ပြန်မှုသည် အောက်ပါစကားကိုပြောရန် အနည်းငယ် ခက်ခဲစေသောကြောင့် ဖြစ်သည်။

"ကလပ်က ​သေချာ​ပေါက် ကလေးကို မွေးစားနိုင်ပါတယ်။"

သား​ပေါက်​လေးစီမှ သူ့မျက်လုံးများကိုခွာလိုက်ကာ  နောက်ဆုံးတွင် ရှဲ့လွမ်သည် တစ်ဖက်လူ၏မေးခွန်းကို ပြန်ဖြေရန် ခေါင်းညိတ်လိုက်သည်။

ရှဲ့လွမ်ရည်ရွယ်တာက သူတို့သား​ပေါက်​လေးကို မွေးစားပြီး သူ့ကိုဒီနေရာမှာ အခမဲ့နေခွင့်ပြုသည်။သို့သော် ထိုအခိုက်တွင် ​မော်ရစ်ဆင်သည် သူ့ဘယ်ဘက်ခြေထောက်ကို ပွေ့ဖက်ထားသည့် လိုင်လီသား​ပေါက်လေးအား တစ်ချက်ကြည့်ရန် ခေါင်းငုံ့လိုက်ပြီး​နောက် မော့ကြည့်ကာ “ကျ​နော် အခကြေးငွေပေးပါ့မယ်။အနာဂတ်မှာ ငွေပေးချေဖို့လိုအပ်တဲ့အခါမှာ မင်း ငါ့ကိုလည်း ဆက်သွယ်လို့ရပါတယ်၊အဲ့ဒါကြောင့် ကလေးကို တခြားသားပေါက်လေးတွေလို ဆက်ဆံပေးပါ။”

သူ့မှာ ပိုက်ဆံချို့တဲ့မ​နေ​ပေ။ကြယ်တာရာမဟာမိတ်အထူးတပ်ဖွဲ့ဝင်များ၏ လစာများသည် အလွန်မြင့်မားသည်၊ ထို့အပြင် သူတို့မစ်ရှင်တစ်ခုပြီးတိုင်း သူတို့သည် များပြားသော ဘောနပ်စ်များကို ရရှိမည်ဖြစ်သည်။

မလိုအပ်သော အသုံးစရိတ်များမရှိသော ​မော်ရစ်ဆင်ကဲ့သို့ တစ်စုံတစ်ယောက်အတွက် သူခရစ်စတယ်ကတ်အကောင့်ထဲရှိ အရေအတွက်သည် လွန်ခဲ့သည့် နှစ်များစွာအတွင်း တိုးလာခဲ့သော်လည်း လျော့မသွားခဲ့​ပေ။ခြွင်းချက်တစ်ခုစတင်ပြသခဲ့သည်မှာ လွန်ခဲ့သည့်တစ်နှစ်ကျော်​လောက်ကပင် ဖြစ်သည်။

ရှဲ့လွမ် သူ့ပါးစပ်ကိုဖွင့်လိုက်သော်လည်း သူ့နှုတ်ခမ်းသို့ ရောက်​နေသည်နှင့် စကားလုံးများကို မျိုချလိုက်သည်။

တစ်ဖက်လူစကားများ၏ နောက်ဆုံးအပိုင်းမှာ သား​ပေါက်လေးသည် ကလပ်တွင် ပုံမှန်ဆက်ဆံ​မှု့ရရှိ​ရန် သေချာစေရန်ဖြစ်ပုံရသည်။

သား​ပေါက်​ပျိုး​ထောင်​ရေးအဖွဲ့အစည်းWhere stories live. Discover now