Chapter 26 -သူတို့ ရင်ဘက်​လေးကို​မော့ထားပြီး

1.6K 363 11
                                    

"ဆရာ, မဒမ်က ဆရာ့ကို စတားနက်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှု ပလက်ဖောင်းပေါ်ကိုသွားပြီး ဒီနေ့မွန်းလွဲပိုင်းမှာ ချန်နယ် ၂၆၆ကို ကြည့်ဖို့ သတိပေးခိုင်းထားပါတယ်။အဲ့ဒါကို အခု ကြည့်ချင်မလားလို့ မေးပရ​စေ။"* ဧည့်ခန်းထဲတွင် ဘဏ္ဍာထိန်းက ဧည့်ခန်းစားပွဲပေါ်တွင် မဒမ်မှ အထူး​နေရာချထားသော အဆက်သွယ်​ရေးစက်ကို လှမ်းကြည့်လိုက်ကာ ထိုအကြောင်းကို မေးမြန်းရန် ​ဂရုတစိုက် ချဉ်းကပ်ခဲ့သည်။

[Eng T/N: မင်းလို့​ပြော​နေတဲ့အချိန်မှာ သူကမယဥ်​ကျေးတဲ့ အသုံးနှုန်း "ni"ကိုမသုံးပဲ ယဥ်​ကျေးတဲ့အသုံးနှုန်း "nin"ကိုသုံးထားတာပါ။ ကိုယ်က​တော့ ဆရာပဲသုံးလိုက်ပါတယ်။]

ချန်နယ် ၂၆၆?

တန်နာက မျက်မှောင်ကြုတ်လိုက်သည်။သူသည် ဤတိုက်ရိုက်ထုတ်လွှင့်မှု ချန်နယ်ကို ဝိုးတိုးဝါးတား ထင်မြင်ချက်တစ်ခုရှိသော်လည်း အဲ့ဒါကို သူနောက်ဆုံးသွားရောက်ကြည့်ရှုခဲ့သည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်ပြီး နက်နက်ရှိုင်းရှိုင်းတွေးတောပြီးသည့်တိုင် သူအဲ့ဒါတွင် ထုတ်လွှင့်သည့်အရာကို မမှတ်မိနိုင်သေးပေ။

နောက်ဆုံးတွင် သူဖြည်းညင်းစွာ ခေါင်းညိတ်ပြပြီး သူ့လက်ထဲက စာရွက်စာတမ်း​တွေကို အ​ဝေးကိုထားလိုက်သည်။

ဘဏ္ဍာထိန်းသည် လက်ဖက်ရည်ခွက်ကို ယူဆောင်လာပြီး တည်ခင်းပြီးနောက် တန်နာသည် နောက်သို့ မှီလိုက်ကာ တစ်ဖက်လူက တပ်ဆင်​​နေတာကို သူစောင့်ဆိုင်းနေစဉ် အေးအေးဆေးဆေး တစ်ခွက်​လောက် သောက်လိုက်သည်။

သူ့ဇနီးက တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုရန် သတိပေးပြီး ဘာ​ကြောင့် အထူးတလည် စီစဉ်ထားသည်ကို သူမသိ​ပေ။ သို့သော် သူအခုအချိန်မှာ အလုပ်များမနေဘဲ သူ့ဇနီးက အဲ့ဒါကို ကြည့်စေချင်ပါက အကြောင်းပြချက်ကောင်း​ကောင်းရှိလို့ ဖြစ်မည်မှာ သေချာသည်။

သူနှင့် ဖုယာ၏အိမ်ထောင်ရေးသည် စီစဉ်ပေးထားသော လက်ထပ်မှုတစ်ခုအဖြစ် မှတ်ယူနိုင်သည်။

သား​ပေါက်​ပျိုး​ထောင်​ရေးအဖွဲ့အစည်းWhere stories live. Discover now