Chapter 68.1-​မွေးဖွားခြင်း၏ အဓိပ္ပါယ်

189 47 0
                                    

သူတို့ထွက်ခွာရာနေရာသည် ဆိုင်နာဖြစ်သော်လည်း စီးပွား​ရေးကြယ်သင်္ဘောမှ ဝန်ထမ်းများသည် လူသားလူငယ်​လေးသည် မူခသားပေါက်လေးများနှင့်အတူ သ​င်္ဘော​ပေါ်တက်လာတာကို တွေ့လိုက်ရသောအခါတွင် မလွှဲဧကန် တုန်လှုပ်သွားခဲ့သည်။

အထူးသဖြင့် လူငယ်​​လေးက သူ့​နောက်က​နေ နာခံစွာ လမ်း​လျှောက်​နေ​သော မူခသား​ပေါက်ငယ်လေးများနှင့် ပိုကြီးသောမူခသား​ပေါက်လေးကို ဦး​ဆောင်ပြီး ရှေ့က​နေ လမ်းလျှောက်​နေ​သော ပုံရိပ်ဖြစ်သည်။

အဝေးမှကြည့်လျှင် သူတို့အမေနောက်သို့ လိုက်နေသော ကြက်ကလေးတစ်စုနှင့်တူသည်။

"ကလေးတို့ ဒီကိုလာခဲ့။"

ရှေ့က​နေလမ်းလျှောက်နေတဲ့ ရှဲ့လွမ်က သူ့နောက်က​နေလိုက်လာတဲ့ သား​ပေါက်လေးတွေကို စစ်​ဆေးရန် မကြာခဏ ပြန်ကြည့်​နေသည်။သူတို့ထိုင်ခုံကိုတွေ့သောအခါ သား​ပေါက်​​လေး​တွေကို လာဖို့ လက်​ဝေ့ယမ်းပြလိုက်သည်။

လူငယ်​လေးက သူတို့ကိုလက်ဝှေ့ယမ်းနေတာကိုမြင်တော့ သူ့နောက်ကို နာခံစွာလိုက်နေတဲ့ မူခသား​ပေါက်လေးတွေက အလျင်အမြန် လျှောက်လာခဲ့သည်။

ရှဲ့လွမ် အ​ရှေ့​ရောက်​​သောအခါတွင် သား​ပေါက်လေးတွေက သူတို့ရဲ့ ချွန်ထက်တဲ့ လက်​မောင်းတွေကို လှုပ်လိုက်ပြီး တုံ့ပြန်တဲ့အနေနဲ့ သူတို့ လည်ချောင်းထဲက​နေ အော်ဟစ်သံတွေ ထုတ်လိုက်သည်။

မိဘ​တွေက သူတို့ရဲ့သားပေါက်​လေး​တွေကို ကြယ်သင်္ဘောပေါ်တွင် သယ်ဆောင်ခွင့်ပြုထားသော်လည်း သားပေါက်များအတွက် စိတ်ကြိုက်ပြင်ဆင်ထားသော ထိုင်ခုံများလည်းရှိသည်။ရှဲ့လွမ်က သူ့ကို နီရဲနေတဲ့ မျက်လုံးတွေနဲ့ မော့ကြည့်နေတဲ့ မူခသား​ပေါက်လေးတွေကို ချီဖို့ ​အောက်ကိုကုန်းလိုက်ပြီး တစ်ယောက်ပြီးတစ်ယောက် သူတို့ထိုင်ခုံထဲမှာထားလိုက်တာ လုံခြုံ​ရေးကိရိယာကို ခလုတ်ဖွင့်လိုက်သည်။

အိပ်ယာနဲ့ဆင်တူတဲ့ ထိုင်ခုံတွေမှာထားလိုက်ပြီး ပထမဆုံးအကြိမ် ကြယ်သင်္ဘောကိုစီး​ရ​သော ဒီမူခသား​ပေါက်လေးတွေက သူတို့ရဲ့ ပတ်ဝန်းကျင်ကို စူးစမ်းလိုစိတ်ရှိ​​နေသည်။ ဒါပေမယ့် ရှဲ့လွမ်က သူတို့ရဲ့ ဦးခေါင်း​တွေကို ထိလိုက်တဲ့အခါမှာ ဒီမူခသား​ပေါက်လေးတွေ အားလုံးက သူတို့ရဲ့ထိုင်ခုံမှာ နာခံမှုအပြည့်နဲ့ လဲ​လျောင်းနေကြသည်။

သား​ပေါက်​ပျိုး​ထောင်​ရေးအဖွဲ့အစည်းWhere stories live. Discover now