Chapter 15-​ပြောင်းလဲခြင်း

1.8K 360 7
                                    

တစ်လခွဲကြာပြီးနောက် ကူတီသားပေါက်​လေးသည် ယခုအခါ ​နေထိုင်ရာပတ်ဝန်းကျင်အသစ်တွင် အပြည့်အ၀ ပေါင်းစည်းသွားပြီး ကော့တိုနှင့် ကူဝေသား​ပေါက်တစ်ဝိုက်တွင် ​တောင့်တင်းမှုများမရှိတော့ပေ။

ရှဲ့လွမ်သည် အိမ်ထဲတွင် လမ်းလျှောက်လာသောအခါတွင် သူတို့က တစ်​ယောက်အမွေးအ​တောင်​တွေကို​တောင် သန့်ရှင်းရေးလုပ်​နေကြကာ ရင်းနှီးစွာ ပေါင်းသင်းကြသည်ကို ရံဖန်ရံခါပင် မြင်နိုင်သည်။

သူတို့ကနီးနီးကပ်ကပ်ထိုင်​နေပြီး အောက်ဖက်ပိုင်းက အမွေးအတောင်များကို အချင်းချင်းဖြီးရန် နှုတ်သီးများကို အသုံးပြုကြသည်။ အလွန်ချစ်စရာကောင်းပြီး လိုက်ဖက်ညီ​တဲ့ ခံစားချက်ကို ပေးစွမ်းပြီး ရှဲ့လွမ်ဒါကိုမြင်တိုင်း မပြုံးပဲမ​နေနိုင်ခဲ့ဘူး။

ရှဲ့လွမ်သည် သာမာန်အားဖြင့် သူတို့ကို ကြည့်ရုံမျှသာကြည့်ပြီး နှောင့်ယှက်ခြင်းမရှိသော်လည်း တစ်ခါတစ်ရံတွင် သူသည် အနားသို့ လျှောက်သွားကာ သူတို့အနားတွင် ထိုင်လိုက်ပြီး သူတို့၏ ချစ်စရာ အတောင်ပံလေးများကို ထိလိုက်သည် ။ ထို့နောက် သားပေါက်ကလေးများသည် များသောအားဖြင့် သူတို့၏ခေါင်းကို သူ့လက်နှင့်ထိကာ သူ့ကိုအော်​ခေါ်လေ့ရှိသည်။

ကူတီသား​ပေါက်သည် ပျံသန်းနည်းကို သင်ယူရန် ကြိုးစားဆဲဖြစ်သည်ကို သိသော်လည်း အရင်ကတည်းကကြာရှည်စွာ ပျံသန်းနိုင်ခဲ့သော ကူဝေနှင့် ကော့တို သား​ပေါက်ကမူ သားပေါက်အသစ်ကို အထင်​သေးတာမျိုး ပြက်ရယ်ပြုတာမျိုးမလုပ်ကြပေ။သူလေ့ကျင့်နေစဉ်မှာပင် ကူတီသား​ပေါက်နဲ့ အတူလိုက်ပါပြီး သူ့ကိုဘယ်လိုလုပ်ရမည်ဆိုတာကိုပါ ပြ​ပေးဖို့ကြိုးစားသည်။

သူတို့လုပ်လေ့ရှိတဲ့ လေ့ကျင့်ခန်းကတော့ မြေပြင်မှာ ပျံသန်းရတဲ့ လေ့ကျင့်ခန်းဖြစ်ပြီး ဘာနဲ့တူလဲဆို​တော့ သား​ပေါက်က အတောင်ပံခတ်ပြီး မြေပြင်ကနေ ပျံတက်နိုင်​အောင် ကြိုးစားတဲ့ လေ့ကျင့်ခန်းဖြစ်သည်။

တခြားသားပေါက်လေးတွေရဲ့ အကူအညီ​ကြောင့်လား ဒါမှမဟုတ် ကူတီသားပေါက်ရဲ့ ဇွဲ​ကြောင့်ပဲလား ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် တခြားကလပ်တိုင်းမှာ ကျရှုံးခဲ့ပြီးနောက်မှာတော့ ကလေးက ယွန်​ပေါင်​ကျောင်းခွဲမှာ တိုးတက်မှုရှိလာခဲ့သည်။

သား​ပေါက်​ပျိုး​ထောင်​ရေးအဖွဲ့အစည်းDonde viven las historias. Descúbrelo ahora