Chapter 54.2

1K 186 2
                                    

Chapter 54.2-ငါမင်းကို ပွတ်သပ်ခွင့်​ပေးမယ်။

ယခုဖော်ပြခဲ့သော ဝန်ထမ်းသုံးဦးကို ခေါ်ယူခြင်းအပြင် ရှဲ့လွမ်သည် မူလက ဝန်ထမ်းများကို သူ့ကတိအတိုင်း ဖြည့်ဆည်းပေးရန်အတွက် ထမင်းချက်တစ်ဦးကို ငှားရမ်းရန် စီစဉ်ခဲ့သည်။သို့သော် နောက်ဆုံးတွင် ဟင်းချက်နည်းများ ပျံ့နှံ့မှုကို ရှောင်ရှားရန်အတွက် အ​မွေးလုံး​လေးနှစ်လုံးကို မွေးစားခဲ့သူနှစ်ဦးက ချက်ပြုတ်သူအား ကလပ်သို့ ထောက်ပံ့ပေးခဲ့သည်။

ယခင်သဘောတူညီချက်အရ ရှဲ့လွမ်သည် ဟင်းချက်နည်းများကို ထောက်ပံ့ပေးခဲ့ပြီး သူတို့သားပေါက်လေးနှစ်ကောင်ကို မွေးစားသူများသည် အမြတ်ငွေများကို သူနှင့်ပြန်လည်မျှဝေခဲ့သည်။

ပထမလတွင် ပမာဏအရမ်းမများသော်လည်း ဒုတိယလကုန်တွင် ရှဲ့လွမ်သည် သူ့ ခရစ်စတယ်ကတ်တွင် ခရက်ဒစ်အရေအတွက် သိသိသာသာတိုးလာပြီး စုစုပေါင်း 50,000ထက်မနည်းကြောင်း တွေ့ရှိခဲ့သည်။

ကလပ်မှာ အရင်ကထက် သားပေါက်လေးတွေ ပိုများလာခဲ့သည်။အနာဂတ်အတွက် ပြင်ဆင်မှုတွင် ရှဲ့လွမ်သည် အဲ့ဒါကို တွေး​​​တောပြီး ရှချီအား စတားနက်ပေါ်တက်ပြီး က​လေးထိန်းများအတွက် လူသစ်ခန့်အပ်မှု့ အချက်အလက်ကိုလဲ ထည့်ခိုင်းခဲ့သည်။

Bအဆင့် ပြုစု​စောင့်​ရှောက်သူနှစ်ဦးကို ခေါ်ယူခဲ့သည်။Aဆင့် တစ်​ယောက်ကို ခန့်ဖို့အတွက် ပထမဆုံး သူတို့မှာ လုံလောက်တဲ့ ၀င်ငွေရှိရမည်။မဟုတ်ပါက ရှဲ့လွမ်သည် သူ့မူလကမ္ဘာမှ ယင်ရှန်*သို့ သွားနိုင်သော်လည်း တစ်လလျှင် Aအဆင့်ရှိ ပြုစု​စောင့်​ရှောက်သူများ၏ တစ်လလျှင် သိန်းနှင့်ချီသော လစာ​ငွေနှင့် ပိုက်ဆံကုန်သွားသည့် နေ့တစ်နေ့သို့ ​ရောက်လာနိုင်သေးသည်။

[Yinshan ဆိုတာ ​ငွေ​တောင် ​ရွှေ​တောင်ကို​ပြောတာပါ ]

ယခုတစ်ကြိမ်တွင် လူအများအပြားကို တစ်ပြိုင်နက် ခန့်အပ်ရန်လိုအပ်ပြီး သဘာဝအားဖြင့် အင်တာဗျူးဖို့လိုအပ်သည့်လူများ ပိုများလာသည်ဟု ဆိုလိုခြင်းဖြစ်သည်။ရှဲ့လွမ် ရှချီကို အဲ့ဒါအားလုံးကို သူ့ဘာသာသူ တစ်​ယောက်ထဲ မလုပ်ခိုင်းနိုင်​ပေ အဲ့ဒါ​ကြောင့် အင်တာဗျူးသူအဖြစ် ရုံးခန်းထဲတွင် သူမဘေးတွင် ထိုင်နေခဲ့သည်။

သား​ပေါက်​ပျိုး​ထောင်​ရေးအဖွဲ့အစည်းOù les histoires vivent. Découvrez maintenant