မူခသားပေါက်လေး၏ မွေးနေ့ပြီးနောက် ထိုလမှာ ၁၂ရက်ပဲကျန်တော့သည်။ထိုလ၏ နောက်ဆုံးနေ့တွင် ရှဲ့လွမ်သည် သတိပေးချက်မရှိဘဲ ပရိုမိုးရှင်းတစ်ခုရရှိခဲ့သည်။
“ဥက္ထဠ ဘာလို့ ရုတ်တရက်ကြီးလဲ…” လူတိုင်းကို စုစည်းထားသော ဥက္ကဠက သူ့အား ဥက္ကဠနေရာကို တရားဝင်လွှဲပြောင်းပေးလိုကြောင်းပြောသည်ကို ကြားလိုက်ရာ ရှဲ့လွမ်မျက်နှာပေါ်မှ အံ့သြမှု့သည် အတုမဟုတ်ပေ။
ဥက္ကဠက သူ့ကိုအရင်တုန်းက ကြိုပြောမထားဖူးပေ။သို့သော် သူရဲ့အံ့အားသင့်နေသည့် အကြည့်နှင့် နှိုင်းယှဉ်လိုက်လျှင် ရှဲ့လွမ်သည် သူ့ပတ်ဝန်းကျင်ရှိ အခြားသူများသည် ဒီလိုဖြစ်လာမည်ကို အရင်ထဲက မြင်တွေ့ခဲ့ရပုံရပြီး အခု ဥက္ကဠ၏ စကားကိုကြားပြီးနောက် ခေါင်းညိတ်လိုက်ရုံသာ ဖြစ်သည်။
“ရုတ်တရက် မဟုတ်ပါဘူး။”
ဥက္ကဠသည် ရှဲ့လွမ်ကိုလှမ်းကြည့်ကာ သူ့မျက်လုံးများထဲတွင် ယုံကြည်မှုအပြည့်ရှိသည်။ “ဒီအဘိုးကြီးက အရမ်းအိုနေပြီးတော့ ကလပ်ကို အရင်တုန်းကလိုမျိုး ကောင်းကောင်း စီမံမခန့်ခွဲနိုင်တော့ဘူး။ယွင်ပေါင်ကျောင်းခွဲက အခုအချိန်အထိရှိနေနိုင်ခဲ့တာ ကလပ်ကို ကူညီစောင့်ရှောက်ပေးခဲ့တဲ့ ရှောင်ရှီရဲ့ ကျေးဇူးတွေအားလုံးကြောင့်ပါပဲ။”
“ဒါပေမယ့် မင်းငါတို့ကျောင်းခွဲကို ရောက်ကတည်းက ဒီအဘိုးကြီးက ငါ့မျက်စိရှေ့မှာ ကလပ်က ကြီးထွားလာတာကိုမြင်ခဲ့ရပြီး အမှန်တကယ် ပြန်လည်ရှင်သန်လာခဲ့တယ်။မင်းကို ဥက္ကဠအဖြစ် ခန့်အပ်လိုက်တာနဲ့ပတ်သက်ပြီး ပြဿနာတစ်စုံတစ်ရာ မတွေ့ပါဘူး ရှောင်ရှီလည်း ဒီဆုံးဖြတ်ချက်ကို သဘောတူပါတယ်။”
ထိုစာကြောင်းကိုပြောရင်း ဥက္ကဠဟောင်းက ဆက်သွယ်ရေးကိရိယာမှ ပြသထားသည့် virtual စာရွက်စာတမ်းကို ထိလိုက်ပြီး စာရွက်စာတမ်းကို ရှဲ့လွမ်စီသို့ ရွှေ့လိုက်သည်။ “အဆင်သင့်ဖြစ်ရင် ဒီစာရွက်စာတမ်းကို ချက်ချင်းလက်မှတ်ထိုးလိုက်ပါ။ ငါ ယွင်ပေါင်ကို မင်းလက်ထဲမှာ အပ်ခဲ့မယ်။"
YOU ARE READING
သားပေါက်ပျိုးထောင်ရေးအဖွဲ့အစည်း
FantasyTitle -Cub Raising Association Type -Web Novel(CN) Genre -Fanstry,Romance,Sci-fi,Shounen Ai,Slice of Life Author-jiuyi 酒矣 Status in COO-130Chapters(Complete) Eng Tran-Leo Translations This isn't my story.Credit to original author a...