Chapter 71.2-စိတ်ဖိစီးမှု့ တုန့်ပြန်မှု့

192 38 1
                                    

"ကလေး​လေး။"

သူ့ဆီလမ်းလျှောက်သွားပြီး ရှဲ့လွမ်ငုတ်တုတ်ထိုင်လိုက်ပြီး သား​ပေါက်လေးရဲ့ ခေါင်းလေးကိုထိလိုက်သည်။အဲ့ဒါကိုတွေးပြီးနောက် သူက သား​ပေါက်လေးရဲ့ နာမည်ကို "လိုင်လီ"လို့ နွေးထွေးတဲ့အသံနဲ့ ခေါ်လိုက်သည်။

မျိုးနွယ်နာမည်နဲ့ အတူတူပါပဲ၊ ရှဲ့လွမ်က သားပေါက်​လေးရဲ့ မိဘတွေက သူ့ကို နာမည်ပေးတဲ့အခါမှာ သူ့ရင်ခွင်ထဲက ကလေးအတွက် မြင့်မားတဲ့မျှော်လင့်ချက်​တွေရှိရမယ်လို့ ရှဲ့လွမ်ခံစားခဲ့ရသည်။

​မော်ရစ်ဆင်ပြောခဲ့သလိုပါပဲ သား​ပေါက်​လေးသည် အမှန်တကယ် ချင့်ချိန်တတ်သည်။ရှဲ့လွမ် ထိုကဲ့သို့ နွေးထွေးသောအသံဖြင့် သူ့ကိုချော့လိုက်သောအခါတွင် လိုင်လီသား​ပေါက်လေးက သူ့ခန္ဓာကိုယ်ကိုလှုပ်လိုက်ပြီး အသံတိုးတိုးလေးပြုလုပ်ခဲ့သည်။

သား​ပေါက်​လေး၏အထူးသဖြင့် ပျော့အိနေသော ဗိုက်သားလေးကိုထိလိုက်ပြီး ရှဲ့လွမ်သည်လိုင်လီသား​ပေါက်လေးအား ကိုင်ထားလိုက်ပြီး မတ်တပ်ရပ်လိုက်သည်။

"ကလေးက ခုနက လူကြီးကို သ​ဘောကျလား။" မေးဖို့တောင်လိုအပ်တယ်လို့ သူမထင်ပေမယ့် ရှဲ့လွမ်က ကလေးကိုပွေ့ချီပြီး​ သူ့ရင်ခွင်ထဲတွင် ကိုင်ထားပြီးနောက် အခုလို ပြောလိုက်ဆဲဖြစ်သည်။

သူ ချက်ချင်းနီးပါး အဖြေရရှိခဲ့သည်။

"Gu Ji!" သူ့အတောင်တွေကို ခတ်လိုက်ပြီး လိုင်လီသား​ပေါက်​လေးက နူးညံပြီး ပြတ်သား​သောအသံကို ထုတ်လိုက်သည်။ထိုအချိန်တွင် သူ့ရဲ့ အသက်မပါ​သော အနက်​ရောင် မျက်လုံးများသည် ရုတ်တရက် တောက်ပလာပုံရသည်။

သူ့ကို တကယ်ကြိုက်ပုံရသည်။

သား​ပေါက်​လေး၏ တုံ့ပြန်မှုသည် အလိမ်အညာမဟုတ်​ပေ ရှဲ့လွမ် အဲ့ဒါ​တော့ သေချာသည်။

တကယ်​တော့ ထွက်သွားတဲ့သူလည်း သား​ပေါက်​​လေးကို ​သေချာ​ပေါက် အရမ်းချစ်​လောက်သည်။ ထို့အပြင် သား​ပေါက်​လေးသည် တစ်ဖက်လူနှင့် ရင်းနှီးကျွမ်းဝင်ပြီး နီးကပ်ကြောင်း ရှင်းရှင်းလင်းလင်း ပြသခဲ့ပြီး သူသည် သား​ပေါက်အား အချိန်အ​တော်ကြာ​အောင် ပြုစုစောင့်ရှောက်ခဲ့ကြောင်း ပြသ​နေသည်။

သား​ပေါက်​ပျိုး​ထောင်​ရေးအဖွဲ့အစည်းDonde viven las historias. Descúbrelo ahora