Chapter 13- ကူတီ သား​ပေါက်(Kuhti Cub)

1.8K 347 7
                                    

သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်အဟုန်ဖြင့် ပေးပို့သည့် ပမာဏသည် ထောင်ဂဏန်းမှ တစ်သန်းအထိ မြင့်တက်လာသည်။ ရှချီ၏ ဦးနှောက်သည် အချိန်အတော်ကြာ အေးခဲသွားသော်လည်း နောက်ဆုံးမှာ ပြန်လည်လည်ပတ်လာပြီး လွန်လွန်ကဲကဲ ဖြစ်သွားပြီး သူမ ဆက်သွယ်​ရေးစက်ကို အမြန်ကောက်ယူကာ ပြေးထွက်လာခဲ့သည်။

"မြန်မြန် ဒါကိုလာကြည့်ကြ!" သား​ပေါက်များကို ပြုစုစောင့်ရှောက်သည့် အဆောက်အဦးထဲကို ဆက်သွယ်​ရေးစက်ကို တိုက်ရိုက်သယ်ဆောင်သွားလိုက်ပြီး ရှချီက အရမ်းစိတ်လှုပ်ရှားနေပြီး​တော့ သူမ​နေနိုင်ပဲအဲ့ဒါကိုကြည့်ဖို့အခြားသူများကို​အော်​ခေါ်လိုက်သည်.သူတို့တွေ့ ဒါကိုကြည့်ဖို့ တကယ်လိုအပ်သည်။

တခြားသူတွေကတော့ သူမရဲ့ အပြုအမူကြောင့် ပဟေဠိဖြစ်သွားကြပေမယ့် စခရင်ကိုအနီးကပ်သွားကြည့်လိုက်သည်။ သူတို့ ပထမဆုံးမြင်လိုက်ရတာက ယွန်​ပေါင်ဌာနခွဲရဲ့ ပရိုမိုးရှင်းဗီဒီယိုရဲ့ ပုံ​လေးဖြစ်သည်။မနေ့က ဒုဥက္ကဌက ပရိုမိုးရှင်းဗီဒီယိုကို တင်ထားတာ အားလုံးသိကြပေမယ့် သူတို့အားလုံးအဲ့ဒါကိုမကြည့်ရ​သေးဘူး။ အဲ့ဒါကြောင့် မမြင်ရ​သေးတဲ့သူတွေက သူမကအဲ့ဒါကို သူတို့ကိုပြဖို့ ရည်ရွယ်သည်ဟု ဦးစွာထင်ခဲ့ကြသော်လည်း သူမစတင်ခင်မှာ သူတို့ အနီးကပ်ကြည့်လိုက်တဲ့အချိန်မှာ ဗီဒီယိုအောက်တွင် ပြသထားသည့် ရှယ်ထားတဲ့ပမာဏကြောင့် ထိတ်လန့်သွားကြသည်။

သို့သော်လည်း ရှယ်တဲ့ပမာဏသည် အထူးခြားဆုံးအရာမဟုတ်သလို ​​ကော့မန်အများကြီးကလဲမဟုတ်ပါဘူး။ထိတ်လန့်စရာအကောင်းဆုံးက ရှယ်ထားတဲ့ ရှင်းယူအကောင့် စာရင်းများဖြစ်သည် ။ ဝန်ထမ်း​တွေက တချို့အ​ကောင့်​တွေကို မှတ်မိပြီး နှိပ်ကြည့်လိုက်ပြီး သူတို့ရဲ့ တရားဝင်စာမျက်နှာကို ရောက်ရှိသွားပြီး အဲ့ဒါကအမှန်ဖြစ်​နေတယ်ဆိုတာကို မယုံနိုင်လောက်အောင် ဖြစ်ခဲ့ရသည်။

"ဒါ ဘယ်လို.. ဘယ်လိုအခြေအနေလဲ" မျက်လုံးပြူးနဲ့ စိုက်ကြည့်ရင်း ကျန့်ကျိုးက မှားမဖတ်လိုက်ကြောင်း ထပ်ပြီး အတည်ပြုလိုက်တယ်။

သား​ပေါက်​ပျိုး​ထောင်​ရေးအဖွဲ့အစည်းWhere stories live. Discover now