Chapter 63.2

717 119 5
                                    

Chapter 63.2-မူခ က​လေး​လေး

ပြိုကျသွားတဲ့ နေရာက ရုတ်တရတ်ပဲ စနစ်တကျ သန့်ရှင်းရေး လုပ်ပြီးသွားခဲ့သည်။ သူတို့ကို ဘယ်သူ ကူညီပေးခဲ့တာလဲဆိုတာ သတိပြုမိလိုက်ပြီး ဧရိယာထဲက အရွယ်ရောက်တဲ့ မူခတွေက ရှဲ့လွမ်ဆီကို ချဉ်းကပ်လာခဲ့ကြသည်။

သူတို့ အ​စောပိုင်းက လူငယ်​လေးကို လုပ်ခဲ့တဲ့အတိုင်းပဲ၊ ဒီမူခတွေက အခု သူ့ဘေးမှာ ရပ်နေတဲ့ ​နောစ့်ဆီကို လှည့်လာပြီး သူ့အပေါ်ထားတဲ့ သူတို့ရဲ့ ကျေးဇူးတင်မှု့ နဲ့ ချစ်ခင်မှုကို ဖော်ပြခဲ့ကြသည်။

ဒီ​နောစ့်သည် နောက်ထပ်လူများထံမှ ကြင်နာမှုကို ရရှိခဲ့ပြီး မူခများမှာ အကူအညီကို ရရှိခဲ့သည်။ရှဲ့လွမ်က ဒီလိုဖြစ်သွားတာကို မြင်တော့ အရမ်းပျော်သွားခဲ့သည်။

မူခများသည် ​နောစ့်မျိုးနွယ်အပေါ် မုန်းတီးတာမျိုး မရှိသဖြင့် ယရီသည် နောက်ရက်များတွင် သူ၏ အရွယ်ရောက်ပြီးသော လူသားပုံစံကို ဆက်လက်ထိန်းသိမ်းထားခဲ့သည်။ ထိုအချိန်တွင် ရှဲ့လွမ်သည် သူအရင်ကလုပ်ခဲ့သလိုမျိုး ဥရှစ်လုံးကို နေ့တိုင်း ဂရုတစိုက် ပြုစု​စောင့်​ရှောက်ခဲ့သည်။ ဝိညာဉ်ရေးဆိုင်ရာ လမ်းညွှန်မှုကို ခံယူရင်း အချိန်တွေ မြန်မြန်ကုန်ဆုံးသွားပြီး ရက်သတ္တပတ်ကလည်း မြန်မြန်ဆန်ဆန် ကုန်သွားခဲ့သည်။

ဒီတစ်​ခါ​တော့ အဲ့ဒါက ခရီးရှည်​ကြီးဖြစ်​မည်​။ရှဲ့လွမ်သည် ဤကာလအတွင်း ကလပ်သို့ ရံဖန်ရံခါ မက်ဆေ့ချ်ပြန်ပို့ပြီး သူတို့ ဘေးကင်းပြီး စိတ်ချရကြောင်း သူတို့ကို စိတ်​အေး​အောင်​ ပြောလိုက်သည် ။ သူရှိနေစဉ်အ​တောအတွင်း ဒီဂြိုလ်ပေါ်ရှိ သူ့ အလုပ်တိုးတက်မှုအကြောင်းကိုလည်း သူတို့ကို အပ်ဒိတ်လုပ်မည်ဖြစ်သည်။

ဒီဥများ၏အခြေအနေကြောင့် ရှဲ့လွမ်သည် ယခုအချိန်တွင် ဤဂြိုလ်ပေါ်တွင် ဆက်လက်နေရန် လိုအပ်နေသေးသည်ဟု သူခံစားမိသည်။သူ ဒီဂြိုလ်ရဲ့ အခြေအနေကိုလည်း သူ စိတ်ဝင်စားနေ​သေးသည်။

"ဒီနေ့ ကလေး​လေး ဘယ်လိုခံစားရလဲ?" ဥ​လေးကို အကြိမ်ပေါင်းများစွာ မြင့်မြင့်​မြှောက်လိုက်ပြီး ရှဲ့လွမ်က ဥ​​လေးကို သူ့လက်ထဲတွင် တစ်ဖန်ပြန်ကိုင်ထားလိုက်ပြီး နွေးထွေးတဲ့အသံနဲ့ မေးလိုက်သည်။

သား​ပေါက်​ပျိုး​ထောင်​ရေးအဖွဲ့အစည်းWhere stories live. Discover now