Chapter 62-ကလေးကြီးများ
အခန်းတွင်းရှိ လူကြီးများသည် လူငယ်လေးအား "စကားပြော"သောအခါတွင် သူ့အနီးတွင်ရှိသော မူခသားပေါက်အချို့သည် နှိုင်းယှဥ်ကြည့်လျှင် အနည်းငယ် သေးငယ်သော ခပ်နိမ့်နိမ့် အော်မြည်သံများကို ချက်ချင်းဆိုသလိုပင် ပြုလုပ်ခဲ့သည်။
ဤမူခသားပေါက်များ၏ ကြက်သွေးရောင် မျက်လုံးများသည် ရှဲ့လွမ်ပေါ်တွင် စိုက်ကြည့်နေကြသည်။မူခသားပေါက်လေးသုံးကောင်သည် လူငယ်လေးကို နှစ်သက်ကြောင်း သိမြင်နိုင်ရန်မှာ အလွန်လွယ်ကူပါသည်။
ကျေးဇူးတင်ပါတယ်။ သင့်လိုပဲ။
ဤစာကြောင်းအတိုလေးနှစ်ခုကို virtual panel ပေါ်တွင်ဖတ်လိုက်ရင်း ရှဲ့လွမ်သည် ဤမူခများ၏ ဖြူစင်သောကြင်နာမှုနှင့် စေတနာကို ခံစားနိုင်သည်။
သူက သူတို့ကို ကူညီပေးခဲ့တဲ့အတွက်ကြောင့် ဒီမူခများသည် ဒီလိုမျိုး ပြောပြီး လုပ်ခဲ့သည်။
သူသည် အမှန်တကယ် အနည်းငယ် ဗိုက်ဆာနေသော်လည်း မူခသားပေါက်လေးများက သူ့ကို ဤကဲ့သို့ ကြည့်နေသဖြင့် ရှဲ့လွမ်က သူ့စားနေတာကို သူတို့ကိုကြည့်နေခိုင်းဖို့ သည်းမခံနိုင်ခဲ့ပေ။ပြုစုစောင့်ရှောက်သူတစ်ယောက်အနေနဲ့ ရှဲ့လွမ်ရဲ့ ထုံးစံအတိုင်း တုံ့ပြန်မှုက သားပေါက်လေးတွေကို အရင်ကျွေးဖို့ဖြစ်သည်။
အာကာသခလုတ်ကို နှိပ်လိုက်ပြီး ဓားတစ်ချောင်းကို ထုတ်လိုက်ပြီး ရှဲ့လွမ်သည် ဘယ်ဘက်သစ်သားပန်းကန်မှ သစ်သီးနှစ်လုံးကို ကောက်ယူလိုက်သည်။ကျွမ်းကျင်စွာ အခွံခွာပြီး လှီးလိုက်ပြီး သူ့ဘေးနားရှိ သားပေါက်ကလေးများ တစ်ယောက်ပြီးတစ်ယောက်၏ ပါးစပ်များအထိ မြှောက်လိုက်သည်။
အခြားသစ်သားပန်းကန်တွင်ရှိသော အသားကင်အကြီးကြီးကို လှီးဖြတ်လိုက်ပြီး သားပေါက်လေးကောင်အား ကျွေးပြီးနောက် ရှဲ့လွမ်သည် သူ့လိုအပ်ချက်များကို စတင် အာရုံစိုက်လာခဲ့သည်။
YOU ARE READING
သားပေါက်ပျိုးထောင်ရေးအဖွဲ့အစည်း
FantasyTitle -Cub Raising Association Type -Web Novel(CN) Genre -Fanstry,Romance,Sci-fi,Shounen Ai,Slice of Life Author-jiuyi 酒矣 Status in COO-130Chapters(Complete) Eng Tran-Leo Translations This isn't my story.Credit to original author a...