Chapter 28-ဘယ်ဘက်ကိုနည်းနည်း ညာဘက်ကိုနည်းနည်း

1.6K 366 7
                                    

ကူတီသား​ပေါက်​လေးသည် သူ့အ​ဖေ ရွှေတံဆိပ်ဆုကို ပိုမိုရှင်းလင်းစွာ မြင်နိုင်စေရန်အတွက် သူ့ကျောကိုတမင်တကာ ဆန့်ထုတ်ကာ ရင်ဘတ်ကို အမြင့်ကို ​မြှောက်ထားသည်။ ဒါပေမယ့် သူ့ခွန်အားက ချို့တဲ့နေဆဲဖြစ်ပြီး ကလေးက သူ့ရင်ဘတ်ကို မြှောက်လိုက်တဲ့အခါ သူ့ရဲ့အတောင်ပံလေးတွေကို သူ့နောက်မှာ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။

ဤသည်မှာ ကလေး၏ နောက်ဆုံးကြိုးစားမှု ဖြစ်နိုင်သည်။ အကယ်၍ သူသည် ယခုတစ်ကြိမ်တွင် ကောင်းမွန်သော တုံ့ပြန်ချက်မျိုးမရရှိခဲ့ပါက၊ ယခုအချိန်တွင် သူလုပ်ခဲ့သည့်အတိုင်း လျှောက်လှမ်းရန် ဘယ်​တော့မှ ထပ်ပြီး သတ္တိမရှိတော့ပေ။

သူ့ယုံကြည်မှုအသစ်မှ စုဆောင်းထားသော သတ္တိသည် အလွန်နုနယ်ပြီး ၎င်းသည် သူ့အဖေ၏ အတည်ပြုချက်ဖြင့်သာ ရှင်သန်နိုင်မည်ဖြစ်သည်။ တစ်ဖက်တွင်မူ သူ့အ​​ဖေသည် သူ၏ကြီးမားသောအောင်မြင်မှုအပြီးတွင်ပင် သူ့ကိုမချီးမွမ်းဘဲ အေးစက်နေပါက၊ သူ၏ယုံကြည်မှုအသစ်နှင့် သတ္တိတို့နှင့်အတူ မြေကြီးပေါ်သို့ တစ်ဖန်ပြိုလဲသွားမည်ဖြစ်သည်။

သူကလပ်များပြောင်းပြီး ရှဲ့လွမ်နှင့် မတွေ့ဆုံမီတွင် သူ့ကို ဂရုစိုက်သော အခြားမိဘက သူ့အဖေ၏ အပြုအမူကို ရှင်းပြရန် ကြိုးစားခဲ့သည်။သူတို့က သူ့သင်ကြားရေးနည်းလမ်းသည် အလွန်တင်းကျပ်သည်ဟု ​ပြောကြသည်။ ချီးမွမ်းခြင်းနှင့် အားပေးမှုကင်းမဲ့ကာ က​လေးတစ်​ယောက်ကို ပြုစုပျိုး​ထောင်ရန် နည်းလမ်းကောင်းလည်း မဟုတ်ကြောင်း သူတို့က ပြောဆိုခဲ့သည်။

တင်းကြပ်သောမိဘများသည် က​လေးအား ကောင်းစွာမလုပ်သည့်အတွက် အမြဲအပြစ်တင်လေ့ရှိပြီး ဖခင်နှင့်ရင်ဆိုင်ရသောအခါတွင် ကလေးသည် ​ကြောက်တတ်သည်မှာ သဘာဝကျသည်။

ကလေးက သူ့သတ္တိကို ခက်ခက်ခဲခဲစုဆောင်းပြီး ကြိုးစား​နေပင်မဲ့ ထိုလူက အေးစက်တဲ့ မျက်နှာအမူအရာနဲ့ ရှိနေသေးတာကို မြင်လိုက်ရတော့ ရှဲ့လွမ်က မ​နေနိုင်ပဲ စိတ်ပူလာ​တော့သည်။

သား​ပေါက်​ပျိုး​ထောင်​ရေးအဖွဲ့အစည်းDonde viven las historias. Descúbrelo ahora