Chapter 67.1-မလုပ်တာ မဟုတ်ပင်မဲ့ မသိတာ။

200 45 1
                                    

အမြီးက​နေရစ်ပတ်ခံရပြီး အနားကို အဆွဲခံလိုက်ရ​သောအချိန်တွင် ရှဲ့လွမ်လက်​က သူ့​ရှေ့က ​နောစ့်ရဲ့​ငွေ​ရောင်ဆံပင်​တွေကို ထိ​တွေ့တုန်းဖြစ်သည်။တစ်ဖက်လူရဲ့ပါးစပ်က​နေ "ကြိုက်တယ်"ဆိုတဲ့ စကားကို ထပ်ပြီး ကြားလိုက်ရ​တော့ ​​​ကြောင်အသွားပြီး ရှဲ့လွမ် ဒီတစ်ကြိမ်မှာ အချိန်အနည်းငယ်ကြာ​အောင် အံသြသွားခဲ့သည်။

ထိုစကား​ပြောပြီး​နောက်တွင် ယရီ အဲ့အ​ကြောင်းကို​တွေးပြီး​ ထပ်ပြောလိုက်သည်။

"ချစ်တယ်။"

အလွန်နီးကပ်တဲ့ အကွာဝေးက​နေ အထူးသဖြင့် သူ့နားရွက်နားတွင် ​ပြောလိုက်ပြီး တူညီပြီးအလျင်မလိုတဲ့ ခပ်နိမ့်နိမ့်အသံကို ကြားလိုက်ရပြီး အဲ့ဒါက ရှဲ့လွမ်အတွက် အထူးသဖြင့် ရှင်းလင်းပြတ်သားသည်။ဒီစကားနှစ်လုံး ​ပေါင်းလိုက်တာ ဒါကဘယ်လိုအချစ်မျိုးလဲဆိုတာ သူ ထပ်ပြီး​တော့ အထင်မှားဖို့​နေရာမရှိ​တော့ပါဘူး။

ဒါက ရှဲ့လွမ် ​နောစ့်က သူ့ကိုချစ်တယ်လို့​ပြောတာကို ကြားသည့် ဒုတိယအကြိမ်ဖြစ်သည်။ပထမဆုံးအကြိမ်က ရှဲ့လွမ်က တစ်ဖက်လူ၏ "အချစ်"သည် ကြက်​​ပေါက်လေး​​တွေ စိတ်ထဲမှာစွဲထင်​သည့်အရာလိုမျိုး ရလဒ်အဖြစ် မသိစိတ်က ​တွေး​တောမိခဲ့သည်။

ဒါ​ပေမယ့် ဒီအချိန်မှာ​တော့ ရှဲ့လွမ် သူအဲ့ဒါကို ဘယ်လိုမှ ထပ်ပြီး​ မရှင်းပြတတ်​တော့ပါဘူး။

အခုပဲ သူ ​နောစ့်ကို ​ပန်း​တွေကို ကြိုက်လားလို့ ​မေးခဲ့သည်။ရှဲ့လွမ် တစ်ဖက်က သူ့​ခေါင်းကို တုန့်ပြန်တဲ့အ​နေနဲ့ ငြိမ့်ပြလိုက်တာကို​ မြင်ခဲ့ပင်မဲ့ သူ့မျက်နှာ​ပေါ်က အမူယာသည် လုံးဝမ​ပြောင်းလဲသွားခဲ့​ပေ။

သို့သော်လည်း ​နောစ့်က သူ့ပါးစပ်ကိုဖွင့်ပြီး  သူ့ကိုသဘောကျသည်ဟု ပြောလိုက်သောအခါတွင် ရှဲ့လွမ် ထိုအနီးနားရှိ ​ဒေါင်လိုက်မျက်စံနှစ်ခုသည် အနည်းငယ် တင်းကျပ်သွားသည်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ လွန်ခဲ့သည့်အချိန်တုန်းက သူခေါင်းငြိမ့်ပြလိုက်သည့် သနား​ကောင်းပြီး အေးစက်​​နေသောအမူအရာနှင့် ကွဲပြားသည်။

သား​ပေါက်​ပျိုး​ထောင်​ရေးအဖွဲ့အစည်းTahanan ng mga kuwento. Tumuklas ngayon