🌻အခန်း(၂၂)🌻

21.1K 749 107
                                    

'ကင်း...ငါ ဒီအရာကြီးနဲ့လူကြားထဲမသွားရဲတော့ဘူး..ဟန်ဆာပလပ် ကပ်ထားရင်ကောင်းမလား...'

သူ ကားပါကင်မှာ ကားရပ်သွားသည်အထိ နေက ကားမှန်ကိုကြည့်လို့မပြီးသေး။

'ဘာမှမဖြစ်ပါဘူးကွာ..ပလာစတာကြီးကပ်ထားမှ ပိုကြည့်ရဆိုးမှာ...'

'အဲဒါ နင့်ကြောင့်လေ...နင် သွားခါနီးလာခါနီး ဘာလို့ကိုက်လဲ...'

'နင်လည်း ငါ့ကို ကိုက်ထားတာပဲလေ...'

'အဲဒါ နင်အရင်ကိုက်လို့လေ...'

'Why so serious?...ထပ်ကိုက်လိုက်ရမလား...'

'ဟင့်အင်း ဟင့်အင်း...နင့်ပါးစပ်ကို ပလာစတာနဲ့ အရင်ကပ်ရတော့မယ်နော်..'

စက်နှင့်နေ ကားပေါ်မှာ တွတ်ထိုးငြင်းခုံနေကြပြီး စက်ကပဲ ကားတံခါးဖွင့်ပေးရတော့သည်။ နေ ကားပေါ်မှ ဘောက်ဆတ်ဆတ်ဆင်းလာတော့ Mirrorလည်း ကပ်ပါလာ၏။
'ငါလှရဲ့လား ကင်း..'

နေက ဂါဝန်လေးကိုမ,လျက် ချာချာလှည့်၍မေးသည်။ စက်က လက်မထောင်ပြကာ ခါးကိုင်းခေါင်းညိတ်၏။

'အလှဆုံးပါပဲခင်ဗျာ...'

နေ ကျေနပ်ပြုံးလေးနှင့်ရယ်လျက် သူကမ်းပေးသည့်လက်ကိုတွဲ၍ ခန်းမထဲဝင်ခဲ့၏။ Mirrorက သူတို့ရှေ့မှ အမြီးတနှံ့နှံ့နှင့် ဉီးဆောင်သွားလေသည်။
Escape Electronic Showroomသည် ယခင်ကတည်းက ဈေးနှုန်းမှန်ကန်မှု၊ ကွာလတီကောင်းမွန်မှုတို့ကြောင့် နာမည်ကြီးသည့်Showroomတစ်ခုဖြစ်ကာ ဆိုင်ခွဲဖွင့်ပွဲသို့ တက်ရောက်လာကြသူတွေမနည်းချေ။ ဖွင့်ပွဲဆိုပေမဲ့ ပါတီပုံစံမျိုးဖြစ်ကာ လူ အတော်စည်ကားနေသည်။
'ဟယ်...ကိုစက်...'

ကောင်မလေးတစ်ယောက်က သူတို့ကိုမြင်တော့ စက်နာမည်ကိုပဲခေါ်၍နှုတ်ဆက်သည်။

'ဪ...ဟန်နီ..'

စက်က အပြုံးနှင့်လက်ကာပြ၏။ ဟန်နီဆိုသော ကောင်မလေးက စက်နှင့်အရောင်ဆင်တူဝတ်၍ ပွဲတက်လာသည့် နေ့ကိုတော့ လှည့်ကြည့်သည်ဆိုရုံမျှကြည့်ပြီးမှ..

'ကိုစက်ကတော့ ထုံးစံအတိုင်းပဲနော်...မပြောင်းလဲသေးဘူး..'

'ကိုယ်က ဘယ်တော့မှ​မပြောင်းလဲပါဘူး..'

ထိုကောင်မလေးပြောလိုသည့်အဓိပ္ပါယ်ကို သူရော နေပါ နားလည်နေသည်။ စက်က အပြုံးမပျက် ပြန်ပြော၍ ခန်းမထဲ ဆက်လျှောက်လာသည်။ နေရာတိုင်းမှာ သု့exတစ်ယောက်မဟုတ် တစ်ယောက်နှင့်တော့ ဆုံတတ်သည်မို့ အမြဲလိုလို သူနှင့်အတူတွဲတွေ့ရတတ်သည့်နေ့ကို ရင်ခံသလို ကြည့်သွားတတ်ကြတာလည်း ထုံးစံဖြစ်၏။ နေကတော့ ထိုအကြည့်တွေကိုယဉ်ပါးနေပြီ။

'ဟော...မျှော်တော်မူနှစ်ယောက်ကြွလာပြီ... ငါ့မှာ ဆယ်လီတွေထက် မင်းတို့နှစ်ယောက်ကိုမျှော်ရတာ လည်ပင်းရှည်နေပြီ..'

သူတို့နှစ်ယောက်ကို ရာမကိုယ်တိုင် ထွက်ကြိုကာ သင်္ဂိုရ်က ဧည့်သည်တွေကို နှုတ်ဆက်ဧည့်ခံနေ၏။ သူတို့ကိုမြင်တော့ သင်္ဂိုရ်ပါ ထွက်လာသည်။

'မင်းတို့နှစ်ယောက်ကလည်း ကြာလိုက်တာကွာ..'

'နေ့ကို ပွဲတက်ဝတ်စုံစီစဉ်ပေးနေရလို့လေ..'

☀️The Will Of The Heart🌻Where stories live. Discover now