🌻အခန်း(၅)🌻

24.4K 588 13
                                    


'ခရာတို့အဖွဲ့ လွှတ်ထားတယ်.. မင်းတို့ချိတ်ဆက်ပြီးစောင့်ရုံပဲ၊ ၁၀ရက်နေ့ငါလာမယ်...'

'......,.......,...'

'ဟေ့ ဟေ့... ဖြစ်နိုင်ပါ့မလား၊ လုပ်နိုင်ပါ့မလား ဆိုတဲ့မေးခွန်းတွေ ငါမကြိုက်ဘူး၊ ငါပြောသလိုမဖြစ်ရင် မင်းတို့လမ်း မင်းတို့ရှာထား...'

အယူခံဝင်ခွင့်မရှိသည့် အမိန့်တစ်ရပ် ချ၍ ဖုန်းပိတ်လိုက်၏။ သူ အိပ်ရာနိုးကတည်းက ဖုန်းပြောနေရပြီး ရေချိုးခန်းတောင် မဝင်ရသေးပါ။ နာနီကြီးလာပို့ထားသည့် မနက်စာရယ်၊ သောက်လက်စ စီးကရက်နှင့် ဘရန်ဒီပုလင်းတွေက စားပွဲပေါ်မှာ ဒီတိုင်းရှိနေ၏။ ဘာမှလည်း မပြီးမြောက်သေးဘဲ စီးကရက်ကိုပြန်ကောက်လိုက်စဥ် ငါးကြိမ်မြောက်ဖုန်းက ဝင်လာပြန်သည်။

'သောက်ဖုန်းတွေက လာပြန်ပြီကွာ..'

ခပ်ကျိတ်ကျိတ် ရေရွတ်ရင်း ဖုန်းကိုင်လိုက်ရသည်။

'ဟဲလို...'

'နေကြာရိုင်း ရှိပါသလားခင်ဗျာ..'

ယောက်ျားအသံဖြစ်နေသည်မို့ သူ screenမှာပေါ်နေသည့်ဖုန်းနံပါတ်ကို ပြန်ကြည့်မိသည်။ ခုမှပဲသတိရသွား၏။ သူနှင့်နေ ဆင်းမ်ကတ်ချင်းလဲထားသည်ပဲ။
နေ့ဆီ ဘယ်ကောင်ဖုန်းဆက်တာပါလိမ့်။

'မင်းက ဘယ်သူလဲ...'

ဘုဆတ်ဆတ်ပြန်မေးတော့ တစ်ဖက်လူက ခဏငြိမ်သွားပြီးမှ..

'သက်တန့်ညိုပါ၊ အခုမေးတဲ့သူကရော ဘယ်သူပါလဲ.. ဒါ နေကြာရိုင်း ဖုန်းနံပါတ်မဟုတ်ဘူးလား...'

'မဟုတ်ဘူး၊ ဒါပဲ ..'

ဖုန်းပိတ်လိုက်ပြီး စီးကရက်ကိုနှုတ်ခမ်းမှာတေ့လိုက်စဥ်မှာ နောက်ထပ်ဖုန်းက ဝင်လာပြန်သည်။

'တောက်!...လာပြန်ပြီ..'

စိတ်တိုနေသည့်အရှိန်နှင့် တက်ခေါက်ရင်း ဖုန်းscreenကိုဆွဲချလိုက်ပြီး..

'အာရုံလာစားပြန်ပြီ.. မရှိဘူးလို့၊ နောက်မဆက်နဲ့...'

'အို..ဘယ်လိုဖြစ်ရတာလဲ ..'

သူ ဒေါနှင့်မောနှင့် ကောလိုက်ပြီးမှ တစ်ဖက်က မိန်းကလေးအသံဖြစ်နေ၍ မျက်ခုံးတွန့်သွားသည်။

☀️The Will Of The Heart🌻Where stories live. Discover now