🌻အခန်း(၃၈)🌻

32.9K 769 64
                                    

'သင်္ခယာတောင် ဒီအရွယ်ရောက်နေပြီပဲ...'

နေက သံလှောင်အိမ်ထဲမှာ ခွေခေါက်အိပ်ပျော်နေသည့် သင်္ခယာကျားပေါက်ကို အပြင်ကနေ ရပ်ကြည့်နေပြီးမှ...

'နင် ဒီကောင်လေးကို အခုချိန်ထိ ထိန်းသိမ်းထားခဲ့တာပေါ့...'

'အင်း... နင်ပဲ မွေးရအောင်လို့ပြောခဲ့တာလေ... အဲဒီ့တုန်းက ငါ အဲ့ကောင်ကိုသွားရှာနေတဲ့အချိန် နင် အရုပ်ဆင်းကောက်ပြီး အသက်လုရတာမှတ်မိလား...'

စက်က နေ့ကိုအပြင်ဘက်ထိလက်တွဲခေါ်လာကာ မက်ဆီကန်နေကြာတွေ ဝေဆာနေသည့် တောင်ကြားလမ်းလေးအတိုင်း အတူယှဥ်လျှောက်လာခဲ့သည်။
နေကြာရိုင်းပင်တွေအနှံ့အပြားပေါက်နေသည့် သင်္ခယာနယ်မြေသည် လွန်ခဲ့သည့်နှစ်များစွာကအတိုင်း ဘာမှမပြောင်းလဲဘဲ လှပသာယာနေမြဲ။

'ဘယ်မေ့ပါ့မလဲ...ငါတို့အသက်(၁၂)နှစ်ပြည့်မွေးနေ့တုန်းကလေ... အဲဒီ့တုန်းက နင် သင်္ခယာမင်းသားမင်းသမီးရုပ်လေး လက်ဆောင်ပေးခဲ့တာလေ...'

'အဲဒီ့မွေးနေ့ကို မှတ်မှတ်ထင်ထင်အရှိဆုံးပဲ... ပြီးတော့ ဒဏ္ဍာရီဆန်တဲ့နေရာဆိုတာထက် ငါတို့အမှတ်တရတွေအများကြီးရှိခဲ့တဲ့နေရာမို့လို့ ငါ ဒီနယ်မြေကို ရအောင်သိမ်းခဲ့တာ... '

'ငါ့ကို နှစ်တွေအများကြီး လျှိုနိုင်တယ်နော်..'

နေက သူ့လက်မောင်းကိုဖက်တွယ်မှီနွဲ့ထားရင်း သူမသဘောကျသော မက်ဆီကန်နေကြာပင်တွေကိုလည်း လမ်းတစ်လျှောက် လက်နှင့်ပုတ်ခတ်ဆော့ကစားနေခဲ့၏။

'ဒါကတော့ လျှိုတာမဟုတ်ပါဘူး..မပြောဖြစ်ခဲ့တာပါ... ငါလည်း ဒီကိုတစ်ခါတလေမှ လာဖြစ်တာလေ...'

'ရဲတိုက်ကြီးကရော ပြန်ပြင်ထားတာပဲလား...'

'အင်း ..အတွင်းdecorationနည်းနည်းပြန်ဖြည့်ထားတာ..မိုက်ရဲ့လား..'

သူက နေ့ကိုခေါင်းငဲ့ကြည့်၍ မေးလျှင် နေက အပြုံးလေးနှင့်ခေါင်းညိတ်ပြသည်။ သူတို့နှစ်ယောက် လမ်းလျှောက်ရင်း စကားပြောရင်းဖြင့် ကားဆီရောက်လာခဲ့ကြသည်။

'နင်က ငယ်ဘဝအမှတ်တရတွေကို အရမ်းတန်ဖိုးထားတာပဲနော်...'

နေက ကားထဲဝင်ထိုင်ပြီးမှ သူ့ကိုစိုက်ကြည့်နေပြန်သည်။ စက်က နှုတ်ခမ်းတွန့်ပြုံး၍ ကားစက်နှိုး၏။

☀️The Will Of The Heart🌻Where stories live. Discover now