🌻အခန်း(၃၇)🌻

39.5K 829 114
                                    

(MATURE ON)

သူ သင်္ခယာရဲတိုက်သို့ ပြန်ရောက်လာတော့ ည(၈)နာရီကျော်နေပြီ။ အခန်းထဲဝင်လာခဲ့လျှင် နေ့ကိုမတွေ့ရသဖြင့် မျက်ခုံးတွန့်သွားပြီးမှ ရေချိုးခန်းဘက်က ရေကျသံကြောင့် နေ ရေချိုးနေမှန်းသိလိုက်၏။ ဒီကောင်မလေး ညဘက်ရေချိုးတတ်သည့်အကျင့် အခုထိမပျောက်သေးပါလား။

နေ ရေချိုးလို့မပြီးသေးခင် သူ့ဒဏ်ရာကို ဆေးမြန်မြန်ထည့်ဖို့ပြင်ရသည်။ အဝတ်အစားတွေအားလုံးချွတ်၍ boxerတစ်ထည်လဲဝတ်ပြီးမှ နံရံကပ်စာအုပ်စင်အောက်ဆုံးထပ်မှ ဆေးသေတ္တာယူလိုက်သည်။ ဆက်တီမှာထိုင်၍ ဒဏ်ရာကို ဆေးကြောသန့်စင်ပြီး စနစ်တကျဆေးထည့်သည်။ ဒဏ်ရာက သိပ်မနက်ဘဲ ရှပ်ထိရုံပဲထိကာ ချုပ်စရာမလို၍ တော်သေးသည်။ နတ်စစ်သည်သာ မကူညီခဲ့လျှင် သူ့တစ်ကိုယ်လုံး မသေရုံတမယ်ဒဏ်ချက်များနှင့် ပြည့်နေမည်မှာမလွဲ။ ထိုလူကို ကျေးဇူးတင်စိတ်လေးတော့ ရှိထားသည်မို့ နောက်တစ်ကြိမ်ပြန်တွေ့လျှင် ကျေးဇူးစကား ဆက်ဆက်ပြောရမည်။

သူငယ်ငယ်ကတည်းက လူမသိသူမသိရခဲ့သည့် ဒဏ်ရာဒဏ်ချက်တွေကြောင့် ဒီဒဏ်ရာလောက်ကို မဖြုံချေ။ ဒဏ်ရာရတိုင်း ကိုယ့်ဘာသာပဲ ကုသခဲ့ရသည်က များလျက် တစ်ယောက်တည်း အသက်လုခဲ့ရသော အကြိမ်ရေလည်း မနည်း။ ဘယ်သူ့ကိုမှလည်း မပြောဖြစ်ခဲ့ဘဲ ဖုံးဖိထားခဲ့ပြီး အနီးစပ်ဆုံးနေ့ကိုတောင် မ​သိစေခဲ့ပါ။
သူ ဒဏ်ရာကိုဆေးထည့်ပြီး ပတ်တီးစည်းနေဆဲမှာ နေ ရေချိုးခန်းထဲမှ တဘက်ခြုံလျက် ပြန်ထွက်လာ၏။

'ဟင်...ကင်း ပြန်ရောက်နေတယ်..'

ခပ်တိုးတိုးပြောရင်း သူ့ဗိုက်က ပတ်တီးကိုမြင်သွားတော့ မျက်လုံးလေးဝိုင်းလျက် သူ့နား အလျင်စလိုလျှောက်လာသည်။

'ကင်း...နင် ဒဏ်ရာကြီးနဲ့ပါလား.. ဘာဖြစ်လာပြန်တာလဲကင်းရယ်..ရန်ဖြစ်လာတာမို့လား..'

သူမက သူ့စစ်ပွဲတွေကို ရန်ပွဲတွေ၊ ချိန်းပွဲတွေဟု ထင်နေပုံပင်။ သူ့ဘေးမှာဝင်ထိုင်၍ ပတ်တီးကူစည်းပေးရင်း ပါးစပ်ကလည်း ဗျစ်တိဗျစ်တောက် ပြောနေသေး၏။

'အဲဒါပဲ..နင် အခုထိ လောင်းကစားပွဲတွေသွား၊ ချိန်းပွဲတွေဖြစ်နေတာ ဘယ်တော့မှရပ်မှာလဲ.. နင် တစ်ခုခုဖြစ်ရင် အဝေးမှာနေတဲ့မာမီတို့က ဘာမှသိတာမဟုတ်ဘူး၊ နင့်နားမှာရှိနေတဲ့ငါပဲ အမြဲစိတ်ပူရတယ်.. အသက်လည်း အစိတ်ပြည့်တော့မယ်.. ရင့်ကျက်သင့်နေပြီ ကင်းရဲ့...'

☀️The Will Of The Heart🌻Where stories live. Discover now