🌻အခန်း(၄၂)🌻

20K 589 55
                                    

'ဒါလေးယူလိုက် မီးမီး.. အနံ့ကောင်းတယ်..သင်းပြီးမွှေးနေတာပဲ...'

နေက Diorရေမွှေးပုလင်း အဖုံးဖွင့်၍ နမ်းကြည့်ပြီးမှ မီးမီးကိုကမ်းပေးလျှင် မီးမီး ခေါင်းခါပြ၏။

'ဟင့်အင်း..brandကြီး မသုံးရဲပါဘူးမမရယ်.. ဈေးကလည်း ခေါင်ခိုက်နေတာ...'

'အမလေး ငါ့ညီမရယ်.. brandလည်း ဘာဖြစ်လဲ.. မမ မင်္ဂလာဆောင်မှာ အလှဆုံးဆင်ရမှာပေါ့..'

'ဈေးကြီးလွန်းတယ်မမရဲ့.. မမ ပိုက်ဆံတွေအများကြီးကုန်ကျမှာစိုးလို့ပါ.. မီးမီးကိုဝယ်ပေးတာပဲ အတော်များနေပြီ..'

'တခြားဈေးတွေနဲ့ယှဥ်ရင် ဒါက ဘာမှမဟုတ်ပါဘူးမီးမီးရဲ့.. black cardကိုင်တဲ့ ဘီလျံနာကိုပိုင်ထားတာပါနော်..ပြီးတော့ နင့်ကိုလေးက အလှအပအသန့်အပြန့်ကြိုက်တာသိလျက်သားနဲ့... ယူပါ.. ဒီနေ့ ငါ့ညီမအတွက် လိုအပ်တာတွေဝယ်ပေးရအောင် သတ်သတ်လာတာ..'

နေက မီးမီးအတွက် လိုအပ်တာတွေ အကုန်ဝယ်ခြမ်းပေးနေကာ စက် လွှတ်ပေးထားသည့် ရဲထွဋ်ဆိုသူက သူမတို့နောက်မှ တကောက်ကောက်လိုက်နေသည်။

'ဒီမှာ.. ရှင်ရော ဘာဝယ်ချင်သေးလဲ.. ဘာလိုအပ်တာရှိလဲ... ဝယ်ချင်ရင်ဝယ်နော်..'

နေက ရဲထွဋ်ကိုပါ နောက်လှည့်ကြည့်၍ ပြောလျှင် ရဲထွဋ် ခေါင်းယမ်း၍ငြင်းသည်။

'မလိုတော့ပါဘူး..Lordက ကျွန်တော်တို့အတွက် အားလုံးဖြည့်ဆည်းပေးထားပါတယ်..'

Lordဟု ခေါ်ပုံကြောင့် နေ့နားထဲ အထူးအဆန်းလိုဖြစ်နေသည်။ ကင်းကို အတော်ကြောက်ရွံ့လေးစားကြပုံလည်းရှိ၏။ ကင်းတစ်ယောက် မနေ့ညကတည်းက ဖုန်းတစ်ခါမှ ဆက်မလာသေးပါ။ သူ့ကိစ္စတွေ အဆင်ရောပြေရဲ့လားမသိ။
နေတို့ ကားပါကင်သို့ပြန်ရောက်တော့ မီးမီးက ဝယ်ခြမ်းလာတာတွေကို ကားထဲထည့်သည်။ နေက ကားထဲမဝင်ဖြစ်သေးဘဲ ကင်းဆီဖုန်းခေါ်ဖို့ဟန်ပြင်ပြီးမှ တိုက်တိုက်ဆိုင်ဆိုင် သူ့ထံမှမက်ဆေ့ချ်ဝင်လာသဖြင့် ကျေနပ်ပြုံးလေးတစ်ချက်ဖြစ်သွား၏။ အင်တာနက်ဖွင့်လိုက်ပြီး သူ video callခေါ်လာတာကို ပြန်ဆက်သွယ်လိုက်သည်။ Screenမှာပေါ်လာသည့် သူ့မျက်နှာက ကြည်လင်ရွှင်လန်းနေလျက်..

☀️The Will Of The Heart🌻Where stories live. Discover now